သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-16
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ စခန်းထဲမှာ ရပ်တည်ရေးခက်ခဲလာတာကြောင့် ပြည်ပကို ထွက်ပေါက်ရှာ ထွက်ခွာတာ ပိုများလာတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
2024-01-16
မြောက်ဦးမြို့နယ် မြောင်းဘွေရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-16
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုန်းကုန်းရွာတွင် ဇန်နဝါရီ ၁၅ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံးကာ နောက်ထပ် ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-16
ဒီငွေလိမ်ဂိုဏ်းတွေကို ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့ မကြာခဏ ဆွေးနွေးနေပေမယ့် ဒီနေ့အထိ ဘာမှထူးမလာဘဲ ဆိုးဆိုးဝါးဝါး ဆက်လုပ်နေဆဲပဲလို့ မြဝတီဒေသခံတွေက ပြောပါတယ်။
2024-01-16
ပလက်ဝမြို့နယ် ကျီးလေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2024-01-16
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီး ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီက ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။
2024-01-16
ကျိုက်မရောအကျဉ်းထောင်မှာ တစ်ပတ်အတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး ဆေးကုသမှုအလုံအလောက်မရလို့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2024-01-16
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာက စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၂၃ ကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းယူခဲ့ပါတယ်။
2024-01-16
ရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့လှေတွေကို ပြန်မောင်းထုတ်တာ ချက်ချင်းရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ HRW က အင်ဒိုနီးရှားအစိုးရကို ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်တောင်းဆိုပါတယ်။
2024-01-16
ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာခုနစ်ရွာက လူလေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-15
တီးတိန်မြို့နယ်၊ သိုင်းငင်းရွာက စစ်ကောင်စီ တပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2024-01-15
စစ်အာဏာရှင် တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ ဒဏ်ရာရ ရဲဘော်တွေကို ကူညီဖို့အတွက် ရန်ပုံငွေ ပန်းချီပြပွဲကို မဲဆောက်မြို့မှာ ကျင်းပနေပါတယ်။
2024-01-15
ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
2024-01-15
ကျိုက်မရော အကျဥ်းထောင်က နိုင်ငံရေး အကျဥ်းသား ကိုရာရှင် (ခ) ဟာရှင်ဟာ လုံလောက်တဲ့ ဆေးကုသမှုမရလို့ သေဆုံးသွားတယ်လို့ (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2024-01-15
ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို နှစ်လကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၁၄ ရက်မှာတော့ ပလက်ဝမြို့တစ်ခုလုံးကို သိမ်းယူလိုက်ပြီလို့ AA က ထုတ်ပြန်ပါတယ်။