သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-15
မောင်တောမြို့နယ် ရေနောက်ငါးသားကျေးရွာထဲကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်ထပ် လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-01-15
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ စုဆောင်းခံရတဲ့ အရပ်သားသုံးဆယ်ကျော်ကို စစ်ကောင်စီတပ်လက်ကနေ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ တပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။
2024-01-15
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် ဇန်နဝါရီ ၁၅ ရက်မှာ အရပ်သားသုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2024-01-15
ဦးရွှေမင်း ခေါင်းဆောင်တဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့က တပ်သားသစ်ရဖို့ အဓမ္မ စုနေတာကြောင့် လူငယ်တွေ လွတ်မြောက်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လီဆူတိုင်းရင်းသားတွေက ပြောပါတယ်။
2024-01-15
ပညာရေးဝန်ထမ်းဖြစ်ခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဦးစိုးအောင်ဟာ ဝါသနာနဲ့ ဝမ်းရေးကြောင့် ဝန်ထမ်းဘဝကနုတ်ထွက်ပြီး ပန်းချီဆွဲခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီ။
2024-01-14
ဇန်နဝါရီလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီး တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-14
စစ်ဘေးဒုက္ခသည် အများစုက နို့စို့အရွယ်ကလေးတွေ အပါအဝင် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပါတယ်။
2024-01-14
ဒုက္ခရောက်နေတဲ့ ပြည်သူ လေးသိန်းနီးပါးကို NUG က လစဉ် ထောက်ပံ့ပေးနေသလို လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ကူညီပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
2024-01-14
မဲဆောက်မြို့မှာ ဇန်နဝါရီ ၁ဝ ရက်ကနေ ၁၇ ရက်နေ့အထိ ဆီဆေး၊ ရေဆေး၊ ခဲနဲ့ ကြိုးပန်းချီ အနုပညာလက်ရာတွေ ပြသနေတာပါ။
2024-01-14
ပလက်ဝမြို့ပေါ်က စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံးနဲ့ ကြံ့ခိုင်ရေးပါတီရုံးတွေမှာ AA အလံလွှင့်ထူထားတဲ့ ဓာတ်ပုံတွေကိုလည်း AA က ထုတ်ပြန်ထားပါတယ်။
2024-01-14
အဖမ်းခံရသူတွေထဲမှာ ခွင့်ပြုချက်မရှိဘဲ စတိတ်ရှိုးပွဲ လုပ်ခဲ့တဲ့ မြန်မာအဆိုတော် အေမီဈာန်နဲ့ မော်ဒယ်လ် ဖူးပွင့်ခိုင်တို့လည်း ပါပါတယ်။
2024-01-14
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လယ်ကြီးတောရွာမှာ ဇန်နဝါရီလ ၁၃ ရက် ညနေတုန်းက စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-14
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့မှာ မြန်မာအဆိုတော် အေမီဈာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင် အပါအဝင် မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံလိုက်ရပါတယ်။
2024-01-14
စစ်ကြောင်းထိုးတဲ့ သုံးရက်အတွင်း ရွာနှစ်ဆယ်ခန့်က ပြည်သူတစ်သောင်းခွဲထက်မနည်း ထွက်ပြေးနေရတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
2024-01-14
ပဲခူးတိုင်းက ကျေးရွာငါးဆယ်ကျော်မှာ ပြည်သူ့စစ်ထဲ မဝင်မနေရစနစ်နဲ့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။