သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-12
အာဏာသိမ်းစစ်တပ်က မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ တပ်စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီ အုပ်ချုပ်မှုမရှိတော့တဲ့ လွှမ်းမိုးမှုမရှိတော့တဲ့ နယ်မြေတွေ အမှန်တကယ် လုံခြုံပြီလား၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာ ဆွေးနွေးထားပါတယ်။
2024-01-12
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့အပြင် အချက် သုံးချက်ကို စစ်ကောင်စီနဲ့ သဘောတူခဲ့ကြတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2024-01-12
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2024-01-12
ကိုးကန့်ဒေသအတွင်းမှာ တိုက်ပွဲတွေ ငြိမ်သွားပြီး ဖြစ်တာကြောင့် အခုလ ၁၅ ရက်နေ့ကစလို့ ဒုက္ခသည် ကူညီလက်ခံရေး အစီအစဉ်တွေကို ရပ်ဆိုင်းသွားမယ်လို့ "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2024-01-12
ပလက်ဝမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့အနီးတစ်ဝိုက် ကျေးရွာတွေက ဒေသခံတစ်သောင်းကျော်ဟာ ဇန်နဝါရီ လဆန်းပိုင်းကစပြီး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2024-01-12
ထင်းရှူးပင်တွေ အဖူးဖူးတဲ့အချိန်၊ ချယ်ရီ၊ မက်မန်းနဲ့ မက်မွန်ပန်းတွေ အပွင့် ပွင့်တဲ့အချိန် မြန်မာပြည်မှာ လုပ်ခဲ့တဲ့ လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို လွမ်းတယ်။
2024-01-12
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်မှာရော အာဏာမသိမ်းခင်ကပါ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေး အရေးယူခံရတာ မရှိသေးဘူးလို့လည်း (HRW) ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
2024-01-12
ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံက မြန်မာ အလုပ်သမားတွေကို ဝင်ငွေခွန် ဆောင်ရမယ့်အကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပါတယ်။
2024-01-12
စစ်တွေမြို့နယ် မြင်းကပ်တောရွာသစ်က ရွာသား ကိုးဦးနဲ့ ရွာဟောင်းက ရွာသား လေးဆယ်၊ စုစုပေါင်း ၄၉ ဦးကို မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
2024-01-12
ရာအိမ်မှုးနဲ့ ဆယ်အိမ်မှူးနှစ်ဦးအသတ်ခံရမှုအတွက် အင်အား လေးဆယ်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အဲဒီရွာတွေကို ဝင်ရောက်စစ်ဆေးပြီးနောက် ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-01-12
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ နှစ်သန်းခြောက်သိန်း ရှိလာပြီလို့ (UNOCHA) က ဇန်နဝါရီလ ၁၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2024-01-12
ကန့်ဘလူမှာ စစ်တပ် စစ်ကြောင်းထိုးနေလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး ကျေးရွာလေးရွာက နေအိမ်တချို့လည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-12
အကျဥ်းထောင် အသီးသီးက အကျဥ်းသား၊ အကျဥ်းသူ ၂၉၂ ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၂ ရက်နေ့ ဒီနေ့မှာ လွတ်ငြိမ်းခွင့်ပေးတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
2024-01-12
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ယာယီအပစ်အခတ်ရပ်စဲဖို့ တရုတ် ကူမင်းမြို့ ဆွေးနွေးပွဲကနေ သဘောတူလိုက်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ထုတ်ပြောလိုက်ပါတယ်။
2024-01-11
စစ်အာဏာရှင် ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ရေးနည်းလမ်းတစ်ခုသာ ကျန်တော့ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။