သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-11
သူတို့ နေထိုင်နေတဲ့ ယိုင်နဲ့နဲ့ အိမ်က တစ်ပိုင်းတစ်စ ပြိုကျလာနေသလို ညဘက်မှာလည်း တောဆင်ရိုင်းတွေရဲ့ အန္တရာယ်ကြောင့် စိတ်သောကရောက်ရတယ်လို့ ဆိုပါတယ်။
2024-01-11
စစ်ကောင်စီဟာ အာဏာချုပ်ကိုင်နိုင်ဖို့ ရုန်းကန်နေရတာနဲ့အမျှ အရပ်သားတွေအပေါ် တိုက်ခိုက်သတ်ဖြတ်တာတွေ တိုးလာတယ်လို့ ဆိုပါတယ်။
2024-01-11
ပြီးခဲ့တဲ့လကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်
2024-01-11
ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာကြောင်း အိန္ဒိယ တပ်မတော်အကြီးအကဲက ပြောလိုက်ပါတယ်။
2024-01-11
စစ်ကောင်စီက နောင်ချိုမြို့နယ် သုံးဆယ်ရွာကို ဇန်နဝါရီ ၁၁ ရက်နေ့က လက်နက်ကြီးနဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ TWO က ထုတ်ပြန်ပါတယ်။
2024-01-11
စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့က တိုက်ယူပြီး UWSA ‘ဝ’ တပ်ဖွဲ့ထံ ဇန်နဝါရီ ၁၀ ရက်နေ့က အခမ်းအနားနဲ့တကွ လွှဲပြောင်းပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ ‘ဝ’ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
2024-01-11
နတ်သံကွင်းမြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်နဲ့ အဆောက်အအုံ တစ်ရာခန့် ပျက်စီးသွားပါတယ်။
2024-01-11
ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်ထဲမှာဖွင့်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံဟာ အချိန်နှစ်လ ယာယီ အပိတ်ခံထားရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။
2024-01-11
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ ဇန်နဝါရီ ၁၀ ရက်က စစ်ကောင်စီခေါင်းဆောင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2024-01-11
မြောက်ဦး မြို့လယ်မှာရှိတဲ့ ရှေးဟောင်း နန်းတော်ကုန်းပေါ်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သလို ဝါစျေးရပ်ကွက်ထဲကိုလည်း လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင် ပျက်စီးသွားပါတယ်။
2024-01-11
ဖယ်ခုံမြို့ထဲက စစ်ကောင်စီရဲ့ ရုံးတွေနဲ့ ရဲစခန်းကို ကရင်နီ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီး မြို့တွင်းကိုလည်း ထိန်းချုပ်ထားတယ်လို့ (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က RFA ကို ပြောပါတယ်။
2024-01-11
ပြည်ခရိုင် ပန်းတောင်းနဲ့ ရွှေတောင်မြို့နယ်တွေက ကျေးရွာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစလို့ စစ်မှုထမ်းဖို့အတွက် လူစုဆောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
2024-01-11
ဖားကန့်မြို့နယ်မှာ (KIA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် လူနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-01-11
ပေါက်တော တောင်ဖူးရွာ ဇန်နဝါရီ ၁၁ ရက်က မီးရှို့ခံနေရပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် တောင်ဖူးအပါအဝင် အနီးနားကျေးရွာတွေက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရပါတယ်။
2024-01-11
ကရင်နီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နိုဝင်ဘာလမှာစခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ နှစ်လတိတိ ပြည့်ပေမယ့် လွိုင်ကော်မြို့က ဒေသခံတွေကတော့ အိမ်မပြန်ရဲကြသေးဘူးလို့ ပြောကြပါတယ်။