သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-19
စစ်ကောင်စီဟာ အပတ်စဉ် ၆ စစ်မှုထမ်းသင်တန်းအတွက် ကလေးမြို့၊ ရေနံချောင်းမြို့ စတဲ့မြို့နယ်တချို့က ဒေသခံ လူငယ်တွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ လူသစ်စုဆောင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-19
ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက် မနေ့ညက သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ နေ့လယ်မှာ အတည်ပြုပြောပါတယ်။
2024-10-19
နောင်ချိုမြို့၊ တောင်ရပ်ကွက်ကို အောက်တိုဘာလ ၁၉ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးအပါ သုံးဦး သေဆုံးသွားပါတယ်။
2024-10-18
အောက်တိုဘာလနောက်ပိုင်း စစ်ဆေးဖမ်းဆီးမဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့အပေါ် စိုးရိမ်ပြီး ရှောင်တိမ်းသွားကြသူတွေများလာလို့ ပိတ်ပင်ထားတာလို့ အလုပ်သမားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
2024-10-18
လေကြောင်းကနေ ဗုံး ၅၁ လုံးကြဲချခဲ့တဲ့အပြင် အရပ်သားတွေရှိရာ နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2024-10-18
စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးကြီး နှစ်ဦးနဲ့ ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ရှဲဒိုးက ပြောပါတယ်။
2024-10-18
အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဟာ ဘယ်လောက် အလုပ်ဖြစ်သလဲဆိုတာ ဒီအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
2024-10-18
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေက အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ခန့်မှန်းလို့မရကြောင်းလည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။
2024-10-18
သေဆုံးသူ သုံးဦးနဲ့ ကျန်တဲ့သူတွေအားလုံးဟာ ရခိုင်ပြည်နယ်က လာတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
2024-10-18
၂၀၂၄ ခုနှစ်မှာ မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့် အကင်းမဲ့ဆုံးနိုင်ငံဖြစ်တယ်လို့ Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-10-18
အမေရိကန်တစ်ဒေါ်လာကို ကျပ်ခုနစ်ထောင်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိမှာ တစ်ဒေါ်လာကို ကျပ် ၄၃၀၀ ဝန်းကျင်အထိကျဆင်းလာပါတယ်။
2024-10-18
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် လူတစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2024-10-18
ကလေးမြို့နယ်မှာ သုံးပတ်အတွင်း ဒေသခံ လူငယ်နှစ်ဆယ်ခန့် စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) အတွက် လူသစ်စုဆောင်းခံထားရတယ်လို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
2024-10-18
ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဆုLudovic ဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပသွားမှာပါ။
2024-10-18
တနင်္သာရီမှာ စက်တင်ဘာလအတွင်း စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ၁၇ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့် ထွက်ပြေးနေရပါတယ်။