သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-18
စစ်ကောင်စီဟာ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရရှိပါတယ်။
2024-10-18
တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံထဲ ထွက်ပြေးခိုလှုံဖို့ ကြိုစားနေတဲ့ ဒေသခံတွေနဲ့ မြေရှားသတ္တုတူးဖော်ရေး အလုပ်သမား စုစုပေါင်း တစ်ထောင်ဝန်းကျင်ဟာ တရုတ်နယ်စပ်အနီးမှာ ပိတ်မိနေပါတယ်။
2024-10-18
ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
2024-10-18
မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက်မှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်အစိုးရက လျှို့ဝှက်ဖိအားပေးနေပါတယ်။
2024-10-18
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက် သီတင်းကျွတ်လပြည့်ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2024-10-18
ရေနံချောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းအမှတ်စဉ် (၆) အတွက် လူသစ်စုဆောင်းမှုတွေ ရှိနေပြီ ဒေသခံ လေးဆယ်ကျော်အထိ ဖမ်းဆီးစုဆောင်းခံခဲ့ရပါတယ်။
2024-10-18
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ အမ်းမြို့နယ်ထဲမှာ AA နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲဟာ အမ်းမြို့နဲ့ သုံးမိုင်ခန့်သာ ဝေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-17
စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေချလာသူတွေကြောင့် ပြန်ပြီးအသက်ဝင်လာခဲ့တဲ့ ယူတီကာမြို့လေးကို 'ဒုက္ခသည်တွေကို ချစ်တဲ့မြို့' လို့ အမေရိကန်သတင်းဌာနတွေက တင်စားရေးသားကြပါတယ်။
2024-10-17
ဘုရားပန်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေကပ်ပြီး ဘုရားပူဇော်တာနဲ့ အာဏာရှင်ကိုတော်လှန်တဲ့ စတေကာတွေကပ်တဲ့ လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တာပါ။
2024-10-17
စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေး ဆင်နွှဲနေတာဖြစ်ပြီး စစ်ရေးအရ ဗျူဟာကျပြီး အရေးပါတဲ့ စခန်း လက်လွှတ်လိုက်ရတာလို့ ပြောပါတယ်။
2024-10-17
ကန်ပိုက်တီက စစ်ကောင်စီစခန်းကို တိုက်ခိုက်နေပေမယ့် စခန်းသိမ်းနိုင်တဲ့အထိ မထိန်းချုပ်နိုင်သေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
2024-10-17
အဲဒီပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
2024-10-17
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို လာမယ့်နိုဝင်ဘာလမှာ သွားရောက်ဖို့ ရှိနေပါတယ်။
2024-10-17
မကွေးတိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်လာတဲ့ အမ်းမြို့ဒေသခံတစ်ရာကျော်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-17
ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းမီးရှို့နေလို့ နေအိမ်နှစ်ရာခန့် မီးလောင်ပျက်စီးသွားပါတယ်။