သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-08
မြင်းခြံမြို့နယ် ကျောက်ကန်ရွာ ပျူစောထီး အထိုင်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-08
ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-08
တောင်ကြီးခရိုင် ပုံးအင်းဒေသက စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးကုန်လို့ လာမယ့်နှစ်မှာ မျိုးစပါး အခက်အခဲဖြစ်လာနိုင်တယ်လို့ ဒေသခံတောင်သူတွေက RFA ကိုပြောပါတယ်။
2024-10-08
စစ်ကောင်စီဟာ တိုင်းပြည်တွင်း ငြိမ်းငြိမ်းချမ်းချမ်းမရှိသေးတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာကို အမေရိကန်အနေနဲ့ စိုးရိမ်တယ်လို့လည်း ဆိုထားပါတယ်။
2024-10-08
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိတ်ဆို့တားဆီးတာတွေမရှိဘဲ လုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
2024-10-08
ပြည်တွင်းကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတဲ့ ဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးကိုဖြေရှင်းရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့မရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
2024-10-08
အော်ပရာစီအနေနဲ့ တရားမဝင်နေထိုင်သူတွေကို နေ့စဉ် စစ်ဆေးဖမ်းဆီးနေတာကြောင့် မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နေထိုင်နေသူတစ်ဦးက ပြောပါတယ်။
2024-10-08
နိုင်ငံရေးအကျဉ်းသားတွေကို အခုလိုပိတ်ပင်တာဟာ အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2024-10-08
အာဆီယံထိပ်သီးညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ့်အပေါ် သတင်းထောက်တွေကို အသိပေးရာမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။
2024-10-08
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄ ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
2024-10-08
စစ်ကောင်စီက ပြည်တွင်းကနေ ဆေးဝါးသယ်တာကို တားမြစ်ထားသလို ထိုင်းဘက်မှာလည်း ရေကြီးနေလို့ ဆေးဝါးသယ်ယူဖို့ ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
2024-10-08
တိုက်ပွဲမရှိချိန်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က RFA ကို ပြောပါတယ်။
2024-10-08
NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုတာ ဖြစ်ပါတယ်။
2024-10-08
ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်မနက် အစောပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-10-08
ဘန်ကောက်မြို့က မြန်မာအများစု ဈေးရောင်းဈေးဝယ်လုပ်ကြတဲ့ ဘန်ဘောဈေးထဲကို ထိုင်းအာဏာပိုင်တွေက အဖွဲ့စုံနဲ့ နေ့စဥ်ဝင်ရောက်စစ်ဆေးနေပြီး တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဆယ်ခန့် ဖမ်းဆီးခံလိုက်ရပါတယ်။