သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-11-14
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်း သုံးခုကို ကျင့်ဝတ်စည်းကမ်းဆိုင်ရာ လမ်းညွှန်ချက်တွေ ချိုးဖောက်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ OECD ကို တိုင်ကြားထားကြောင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂက နိုဝင်ဘာလ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
2024-11-14
စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေပြီး တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းနီးပါး ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2024-11-14
စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားတဲ့ ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်းဟာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့မှာ လွတ်ရက်စေ့ပြီး အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။
2024-11-14
သပိတ်ကျင်းမြို့နယ်ထဲက လက်ကျန်တပ်စခန်း သုံးခုဖြစ်တဲ့ ၇ မိုင်၊ ကျောက်ကြီးနဲ့ တကက-၁၃ တို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-11-14
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အဝင်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်နေတာကြောင့် ကားအစီးရေ နှစ်ရာနီးပါး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-14
ထိုင်းနိုင်ငံ ရနောင်းအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ကော့သောင်းမြို့ကို ပြန်ပို့ခံရတဲ့ မြန်မာ ၁၈၆ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်လို့ ဒေသခံတွေက နို၀င်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
2024-11-14
ထိုင်း-မြန်မာနယ်စပ်အနီးမှာ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားတွေက အသက်သေဆုံးစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဖြစ်ရပ်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က နိုဝင်ဘာလ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
2024-11-14
ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုနဲ့ ပုံနှိပ်တိုက်နှစ်ခုတို့ကို လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2024-11-14
TNLA ထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ တတ်သိပညာရှင်တွေကို ဖိတ်ခေါ်တယ်လို့ THC က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-11-14
KIA ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ မိုင်ဂျာယန်နယ်စပ်ဂိတ်နဲ့ ပန်ဝါ နယ်စပ်ဂိတ်တွေကို KIA ဘက်က မြန်မာဘက်အခြမ်းကနေ ပြန်ပိတ်ထားတာတွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-11-14
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ရွာသုံးရွာကို နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-14
ရာဂီမုန်တိုင်းတိုက်ခဲ့တာ နှစ်လကျော်ကြာပြီဖြစ်ပေမဲ့ ရေဘေးဒဏ်ခံရလို့ အိမ်ပြိုတဲ့သူတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးတဲ့သူတွေမှာ ထိရောက်တဲ့ အကူအညီ မရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
2024-11-14
လေယာဥ်တွေမြင်ရင် ပျော်ခဲ့ရတဲ့ ကလေးတွေဟာ ခုတော့ လေယာဥ်သံကြားရင် ကြောက်ရွံ့တုန်လှုပ်နေရပါပြီ။
2024-11-14
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာကို နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် သုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-14
ပုလဲမြို့ပေါ်က နေရာအများစုကို နိုဝင်ဘာ ၁၄ ရက်နေ့ ဒီနေ့မနက်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။