သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-11-13
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးကို PDF တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြောပါတယ်။
2024-11-13
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားနှစ်ရာကို ဖမ်းဆီးထားတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
2024-11-13
ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဒေသခံ ငါးဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းတွေကို စစ်ကြောင်းမရှိတော့ချိန်မှ ပြန်တွေ့ခဲ့ပါတယ်။
2024-11-13
မူဆယ်မြို့မှာရှိတဲ့ မန့်ဝိန်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဖွင့်ထားပေးပေမဲ့ မြန်မာဘက်အခြမ်းမှာ စစ်ကောင်စီ အာဏာပိုင်တွေက ပိတ်ထားပါတယ်။
2024-11-13
လှိုင်သာယာ မြစိမ်းရောင်စက်မှုဇုန်က ပန်းပုထုတ်လုပ်တဲ့ စက်ရုံမှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို လက်မခံကြောင်းနဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးရေးအတွက်ပါ အလုပ်သမားနှစ်ရာကျော်က ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2024-11-13
မြန်မာပြည်မှာ မီတာခဈေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်သွားပေမဲ့ မီးပုံမှန်မရတဲ့အတွက် ရန်ကုန်မြို့နေပြည်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။
2024-11-13
မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာတစ်လတည်းမှာတင် သစ်တောပြုန်းတီးမှုဧရိယာ ဧက ၃၄၀၀ ကျော် ရှိခဲ့ပါတယ်။
2024-11-13
ပုလဲမြို့ပေါ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်အထိ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
2024-11-13
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံနဲ့ လယ်မရွာဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၉ ရက်နေ့စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နိုဝင်ဘာလ ၁၂ နေ့မှာလည်း လေကြောင်းနဲ့ပါ တိုက်ခိုက်လာတာကြောင့် လူနှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပွင့်ဖြူဒေသခံတွေက ပြောပါတယ်။
2024-11-12
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က လမ်းသွားလမ်းလာ လူငယ် အမျိုးသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတက်ဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-12
"အမေရိကန် အကျိုးစီးပွားသာ ပထမ"လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲမှာအနိုင်ရလာတဲ့ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ မြန်မာ့အရေးသိပ်အာရုံစိုက်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်ချက်တွေလည်းရှိနေပါတယ်။
2024-11-12
ရခိုင်ပြည်နယ်ကို AA ကသာ အလုံးစုံထိန်းချုပ်လိုက်နိုင်ရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဟာ ပိုပြီးနီးစပ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရိုဟင်ဂျာဒုက္ခသည်တချို့ဆီကနေ ကြားရပါတယ်။
2024-11-12
စိတ်ဝင်စားသူတွေကို အလုပ်အင်တာဗျူးဖြေရမယ်လို့ အကြောင်းပြပြီး ဒူဘိုင်းကို ခေါ်သွားပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်လိုက်တယ်လို့လည်း ဖော်ပြပါတယ်။
2024-11-12
ပြည်ထဲရေးဝန်ကြီးက ရဲတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်ထောင်ကို လွှဲပြောင်းပေးနိုင်ဖို့ နည်းလမ်းရှာဖွေပေးမယ့်အကြောင်း တုံ့ပြန့်ခဲ့တယ်လို့ ဆိုပါတယ်။
2024-11-12
မလေးရှားကို သွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို ထပ်မံစုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။