သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-11-11
စစ်ကောင်စီကိုယ်စားလှယ်တွေသာ ပါဝင်ခဲ့ရင် ဒီအစည်းအဝေးတွေကို မတက်ရောက်ကြောင်း လူသိရှင်ကြား ငြင်းဆိုပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
2024-11-11
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်တာလို့လည်း AAPP က ပြောထားပါတယ်။
2024-11-11
ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေထဲမှာ ကလေး ၃၁ ယောက်နဲ့ အရွယ်ရောက်ပြီးသူ အယောက် ၅ဝ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2024-11-11
ကန့်ဘလူမြို့နယ်က ကျောင်းကုန်းရွာ၊ ဖိုလ်ကုန်းရွာနဲ့ သပြေသာရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
2024-11-11
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ပေါင်း တစ်သိန်းငါးထောင်ကျော် ရှိသွားပြီလို့ Data for Myanmar က နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ပါတယ်။
2024-11-11
တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင်ကုန်စည် သယ်ယူမှုတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ ပိတ်လိုက်တာကြောင့် မြန်မာဘက်ကကုန်သည်တွေ ပိတ်မိနေတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ မူဆယ်ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပြောပါတယ်။
2024-11-11
မိတ္ထီလာမြို့က စစ်ကောင်စီရဲ့ ရှမ်းတဲ လေတပ်စခန်းနဲ့ အမှတ် (၉၉) ခြေမြန်တပ်မ ဌာနချုပ် နိုဝင်ဘာ ၁၁ ရက် မနက်လေးနာရီခန့်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-11
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတွေ အဆမတန် မြင့်တက်လာတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေတယ်လို့ ကာယကံရှင်တွေနဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောကြပါတယ်။
2024-11-11
တိုက်ပွဲကြောင့် ဖလမ်းမြို့က ဒေသခံတွေ မြို့လုံးကျွတ်နီးပါး တိမ်းရှောင်နေကြရပြီး ထွက်ပြေးဖို့ ခက်ခဲတဲ့ အသက်ကြီး နာတာရှည်ရောဂါရှိတဲ့သူနဲ့ အိမ်စောင့်အဖြစ် ကျန်နေတဲ့သူတွေ ပိတ်မိနေပါတယ်။
2024-11-11
အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေကို အစဉ်တစိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီကို ၂၀၂၅ ခုနှစ် ဇွန်လမှာကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ ILO ဥပဒေပုဒ်မ - ၃၃ အရ အရေးယူမဲ့ အတည်ပြုချက်တစ်ခုကို ILO အုပ်ချုပ်မှုကော်မတီက ချမှတ်လိုက်တယ်လို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန် ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
2024-11-11
ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးမှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို ရက် ခြောက်ဆယ် အလည်အပတ်ဗီဇာလျှောက်ထားမှု ပယ်ဖျက်လိုက်ပါတယ်။
2024-11-11
တောင်ငူမြို့မှာ တိုက်ပွဲကြောင့် နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ခန့် စားနပ်ရိက္ခာမလုံလောက်မှုဖြစ်နေပြီး အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။
2024-11-10
ဆော့လော်မြို့နယ်က ရွှေထွက်ဒေသဖြစ်တဲ့ လန်ဆယ်ရွာကို KIA နဲ့ ပူးပေါင်းတပ်တွေ မနေ့က သိမ်းယူလိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဒီနေ့မှာ အတည်ပြုပြောပါတယ်။
2024-11-10
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အောင်မြင်တဲ့ခရီးစဉ်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောတဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဖော်ပြပါတယ်။
2024-11-10
ငါးမင်းဆွေ (ခ) ဉီးမင်းဆွေဟာ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ရည်ရွယ်ပြီး လှုံ့ဆော်ဝါဒဖြန့်တာတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။