သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-14
ကလေးမြို့မှာ လူငယ် သုံးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရပါတယ်။
2024-12-14
ထိုင်းနိုင်ငံသား လေးဦးကိစ္စ ဆွေးနွေးဖြေရှင်းဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ဟာ မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။
2024-12-13
ဖလမ်းမြို့အတွင်းကို သွားလာမှုတွေ မလုပ်ကြဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်ပါတယ်။
2024-12-13
မြန်မာနိုင်ငံမှာ လူ ၁၅ သန်းလောက် အစားအစာမလုံလောက်တဲ့ဘေး ရင်ဆိုင်နေရပြီး၊ ကျန်းမာရေး ပညာရေးတွေလည်း ဆိုးဆိုးဝါးဝါးထိခိုက်နေရတယ်လို့ ကုလကလည်း ထုတ်ပြန်ထားပါတယ်။
2024-12-13
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းရေး နည်းလမ်းရှာဖွေဖို့ ဒီဇင်ဘာလမှာ အလွတ်သဘောဆွေးနွေးပွဲ လက်ခံကျင်းပဖို့ ကမ်းလှမ်းခဲ့ပါတယ်။
2024-12-13
၂၀၂၄ ခုနှစ်ဟာ သတင်းသမားတွေ အထူးသဖြင့် အသက်သေဆုံးရတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အသတ်ခံခဲ့ရတဲ့ သတင်းထောက် ၁၀၄ ဦး ရှိတယ်လို့ဆိုပါတယ်။
2024-12-13
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို အတွင်းရေးမှူးချုပ်က စိုးရိမ်နေတယ်လို့ သူ့ရဲ့ပြောခွင့်ရသူ စတက်ဖန် ဒူဂျာရစ်က ပြောပါတယ်။
2024-12-13
PNO ထိန်းချုပ်ထားတဲ့နယ်မြေအများစုမှာ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရော၊ PNFC ကပါ ပြောပါတယ်။
2024-12-13
အဲဒီအထဲက ငါးသန်းခွဲကို အကူအညီတွေ ပေးအပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ အဆိုပြုတောင်းဆိုထားတယ်လို့ ဆိုပါတယ်။
2024-12-13
ဘူးသီးတောင်၊ မောင်တောဒေသကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတချို့က အိမ်ပြန်ဖို့ အခက်ကြုံနေကြဆဲပါ။
2024-12-13
ဆရာတော် ဦးပညာဇောတကို ဒီဇင်ဘာ ၁၂ ရက်မှာ အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပေမဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကို ရုံးချိန်းထပ်ပေးလိုက်တယ်လို့ ဆရာတော်ရဲ့ မိတ်ဆွေ အရှင်ထာ၀ရက မိန့်ပါတယ်။
2024-12-13
မတ္တရာမြို့နယ် စကျင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ရွာခံလေးဦး သေဆုံးပြီး နောက်ထပ်ရှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။
2024-12-13
ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်နဲ့ KIA တပ်ဖွဲ့ နှစ်ဘက်လုံးက ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-12-13
မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် လေးဆယ်ကျော် ပျက်စီးပြီး ဒေသခံလေးဦး ဒဏ်ရာရသွားပါတယ်။
2024-12-13
အင်းတော်မြို့မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။