သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-12
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်တပ်စခန်းအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဖမ်းဆီးလာတဲ့ ကားသမားနှစ်ဦးနဲ့ တိုက်ပွဲကြောင့်ရပ်နားနေတဲ့ ကားသမားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-12
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
2024-02-12
မန္တလေးမြို့က လူစည်ကားတဲ့ စျေးတွေနဲ့ လမ်းမတွေမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်ပိုင်း ရခိုင်လူမျိုး မုန်းတီးရေးစာတွေကို လူတစ်စုက လိုက်လံကပ်သွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
2024-02-12
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2024-02-12
မုံရွာမြို့မှာ ဒေသခံငါးဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဒေသခံတွေက ပြောပါတယ်။
2024-02-12
ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး လေကြောင်းကနေ ပေါင် ငါးရာဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့ခံတွေအပြင် မြို့အနီးအနားကို ထွက်ပြေးလာရသူတွေပါ ထပ်မံထွက်ပြေးနေကြရပါတယ်။
2024-02-12
ပလက်ဝမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် ဒေသခံ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။
2024-02-12
မြိတ်လေဆိပ်ကနေ ခရီးသွားမယ့်သူတွေ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ယူရမယ်လို့ စစ်ကောင်စီဘက်က ကန့်သတ်လိုက်ပါတယ်။
2024-02-12
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ္တိုရွာခံနှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ စစ်ရှောင်ဖို့တောထဲအသွား စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-12
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ ရန်ကုန်ကို လေကြောင်းနဲ့ ခရီးသွားလာခွင့်ကိုပါ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး စစ်ကောင်စီဘက်က ကန့်သတ်လိုက်ပြီး ထောက်ခံစာပါမှ သွားလို့ရတော့မယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-02-12
AA သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့နယ်ကို ဖေဖော်ဝါရီ ၁၁ ရက် မနေ့ည ၈ နာရီမှာ စစ်တပ်က လာရောက်ဗုံးကြဲတာကြောင့် လက်ဆောင်ကောက် ရိုဟင်ဂျာရွာက ခြောက်ဦး သေဆုံးသွားပါတယ်။
2024-02-12
တစ်လေးလုံး စစ်ဆင်ရေး သုံးလပြည့်လာတဲ့ အချိန်မှာ နှစ်ဖက်စလုံးမှာ စစ်ပန်းလာတာကြောင့် တိုက်ပွဲအခြေအနေ လျော့ကျလာနေပါတယ်။
2024-02-11
ကာကွယ်ရေးအင်အား လိုအပ်လာတဲ့အတွက် ပြည်သူ့စစ်မှုထမ်းစနစ် ဖော်ဆောင်တာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၂ ရက်မှာ စစ်ကောင်စီပိုင် မီဒီယာတွေက ပြောလိုက်ပါတယ်။
2024-02-11
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အမျိုးသား ခုနစ်ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်ပါတယ်။
2024-02-11
သားအတွက် ယူကျုံးမရဖြစ်ရပေမဲ့ သားဖြစ်သူ နိုင်ငံအတွက် ပေးဆပ်ခဲ့တာကြောင့် ဂုဏ်ယူနေတယ်လို့ ကိုထက်မြတ်စိုး (ခေါ်) သားထောင်ရဲ့ မိဘတွေကပြောပါတယ်။