သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-18
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ရေတွင်းချောင်ရွာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရသူ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။
2024-03-18
မြန်မာ့အရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့၊ အရေးပေါ် အစီအစဉ်ချမှတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးဖို့နဲ့ ထိုင်းကိုယ်စားလှယ်၊ အာဆီယံဥက္ကဋ္ဌ၊ တရုတ်နဲ့ အိန္ဒိယ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2024-03-18
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းနဲ့ တောင်မဲသင်းရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
2024-03-18
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကျော်မှာ ရွှေစျေးတွေ မြင့်တက်လာအောင် စျေးကစားသူတွေကို စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ (YGEA) က သတိပေးထုတ်ပြန်ထားပါတယ်။
2024-03-18
အများစုဟာ ရန်ကုန်အပြင် ဒေသတွင်းက ရေလမ်းကြောင်းနဲ့သွားလာလို့ရတဲ့ နေရာတွေကို တိမ်းရှောင်ကြတာလို့ ပြောပါတယ်။
2024-03-18
ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ဆိုပြီး မဲနှိုက်ရွေးချယ်မှုကို ဥပဒေနဲ့အကျုံးဝင်သူတိုင်းကို ခေါ်တာမဟုတ်ဘဲ တချို့ကိုချန်ထားပြီး ရွေးချယ်နေတာကြောင့် မဲနှိုက်ရမယ့်သူတွေ မကျေမနပ်ဖြစ်နေကြပါတယ်။
2024-03-18
ကနီမြို့နယ်အနောက်ပိုင်းကို စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ရွာရှစ်ရွာခန့်က ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရပါတယ်။
2024-03-18
ကွတ်ခိုင်မြို့အထွက် ပန်ဆေးရွာအနီးမှာ လမ်းလုပ်သားခြောက်ဦး မိုင်းနင်းမိခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-18
ဆီဆိုင်မြို့နယ်က စစ်ကောင်စီတပ်နဲ့ PNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် လွယ်တဖြီးတောင်ခြေကို ထွက်ပြေးနေရတဲ့ဒုက္ခသည်တွေ အကူအညီမရကြဘဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
2024-03-18
ဗန်းမော်မြို့လေဆိပ်ကို မတ်လ ၁၅ ရက်နေ့ကတည်းက ပြန်လည်ပြေးဆွဲနေပြီလို့ လေယာဉ်လက်မှတ်ရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2024-03-18
ရွှေဝယ်စုကြတာ၊ ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ စတာတွေကြောင့် ရွှေစျေးနှုန်းစံချိန်တင် တက်လာတာလို့ Data for Myanmar က ထုတ်ပြန်ပါတယ်။
2024-03-17
နိုင်ငံတစ်ဝန်းက တိုက်ပွဲတွေဟာ လွတ်လပ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ အတားအဆီးဖြစ်နေတာကြောင့် ဆန့်ကျင်၊ ကန့်ကွက်တယ်လို့ ၂၄ ပါတီက ထုတ်ပြန်ပါတယ်။
2024-03-17
မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာကို မတ် ၁၈ ရက် မနက်တစ်နာရီခွဲလောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-03-17
တန့်ဆည်မြို့နယ်အနောက်ခြမ်း အင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2024-03-17
ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီလို့ မတ်လ ၁၇ ရက်နေ့ညမှာ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။