သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-17
မြန်မာပြည်ပဋိပက္ခတွေ ပြေလည်အောင် ထိုင်းအစိုးရ ဆောင်ရွက်သင့်တဲ့ အချက်လေးချက်ကို ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အကြံပြုတိုက်တွန်းလိုက်တဲ့အကြောင်း ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
2024-03-17
မြစ်ဆုံနဲ့ မြစ်ရိုးတစ်လျှောက် ရွှေကို စက်ယန္တရားကြီးတွေနဲ့ တူးတာကြောင့် မြစ်ရေသောက်သုံးလို့မရတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-03-17
စစ်ကောင်စီက မြန်မာပြည်သူအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိတိကျကျ အရေးယူနိုင်တာမရှိသေးတဲ့အတွက် တောင်းဆိုလိုက်တာလို့ ဆိုပါတယ်။
2024-03-17
စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ကလေးကာကွယ်ဆေးထိုးလုပ်ငန်းက စံချိန်တင်ကျဆင်းသွားပြီး ကလေး နှစ်သန်းနီးပါးကို ဆေးထိုးပေးဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။
2024-03-17
စစ်ကောင်စီအတွက် အရေးပါတဲ့ ခယာဘွမ် ၊ ဖွန်းပျဲန်ဘွမ်၊ ခလရ (၂၃၇)နဲ့ ခလရ ၁၄၂ စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာပါ။
2024-03-17
MV Ruen ကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ယီမင်နိုင်ငံကျွန်းတစ်ကျွန်းမှာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
2024-03-17
ညောင်ပင်စောက်ရပ်ကွက်နဲ့ ညောင်ပင်ရွာသစ်ရွာက အမျိုးသမီးတွေအပါအဝင် ပြည်သူသုံးဆယ်ကျော်ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-03-17
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် စတင်တော့မယ်လို့ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
2024-03-17
ကလေးမြို့နယ် စစ်ဘေးဒုက္ခသည် အရေးကူညီနေသူတစ်ဦးကတော့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်ရှိလာပြီး ရိက္ခာနဲ့ဆေးဝါး အခက်အခဲရှိတယ်လို့ ပြောပါတယ်။
2024-03-17
မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-17
ဖားကန့်မြို့နယ် တာမခန်၊ ဟောင်ပါး၊ လုံးခင်း၊ မှော်စီဆာ၊ ကုဋေနဲ့ မှော်ရှန်ဘက်တွေမှာ ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
2024-03-17
ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ကပ္ပိယတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ (PNLA)က သတင်းထုတ်ပြန်ပါတယ်။
2024-03-17
မုံရွာမြို့တောင်ဘက် သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် ကြိုးတုပ်ဖမ်းဆီးသွားတဲ့ ပြည်သူ ငါးဆယ်ခန့်ဟာ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-03-16
မတ်လ ၁၆ ရက်နေ့မှာကျရောက်တဲ့ ၃၆ နှစ်ပြည့် တံတားနီနေ့အခမ်းအနားကို ဗကသ ကျောင်းသားဟောင်းတွေ ဦးဆောင်ပြီး မြန်မာ-ထိုင်း နယ်စပ်တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။
2024-03-16
ကရင်ပြည်နယ် ကော့ကရိတ်မြို့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာအပြင် လုယက်မီးရှို့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။