သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-16
နိုင်ငံတစ်ဝန်းမှာ ၁၅ ရက်အတွင်း အရပ်သား ၃၆ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံးဟာ ကချင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-03-16
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံခြေရွာထဲ မတ်လ ၁၅ ရက်နေ့လယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-03-16
၂၀၂၄ ခုနှစ် မတ်လ ၅ ရက်မှာ သုံးလပြည့်ခဲ့ပေမယ့် ခြေကျင်းဒေါက်တွေကို မဖြုတ်ဘဲ ထောင်အဏာပိုင်တွေက အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ ပြောပါတယ်။
2024-03-16
AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မမိုးသစ္စာရဲ့ ခင်ပွန်း ကိုကျော်သန်းဇံဟာ မတ် ၁၁ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အဖမ်းခံရပြီး သူတို့မိသားစုပိုင်တဲ့ အိမ်အပြင် တခြားမိသားစုဝင်တွေရဲ့ အိမ်တွေလည်း ချိပ်ပိတ်ခံရတယ်လို့ ပြောပါတယ်။
2024-03-16
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က ထမ်းယံရွာကို မတ်လ ၁၅ ရက်နေ့လယ်မှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
2024-03-16
ဒီတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါ ဒေသခံနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တာပါ။
2024-03-16
ကျွမ်းကျင် CDM ဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၈ ဦးနဲ့ နမ္မတူဆေးရုံကို လည်ပတ်နေတာပါ။
2024-03-16
မြန်မာနိုင်ငံက အလုပ်ရှင်အများစုဟာ အလုပ်သမားဥပဒေ ချိုးဖောက်နေကြတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
2024-03-15
ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ညောင်လေးပင်ခရိုင်က မတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2024-03-15
ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေဆိုးရွားနေတာကြောင့် အဲဒီကိုရောက်နေကြတဲ့ အိန္ဒိယနိုင်ငံသားအားလုံး ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
2024-03-15
အထောက်အထားရှိရှိ၊ မရှိရှိ ကလေးတိုင်း အစိုးရကျောင်းတွေမှာ မူလတန်းကနေ ၉ တန်းအထိ ပညာသင်ခွင့်ရှိတယ်ဆိုတဲ့မူဝါဒကို ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်ကတည်းက ထိုင်းအစိုးရက အတည်ပြုပြဌာန်းခဲ့တာပါ။
2024-03-15
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ဘယ်လောက်နစ်နာဆုံးရှုံးနေပြီလဲ၊ လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ဘယ်လိုပုံစံတွေနဲ့ လုပ်မှာလဲဆိုတာတွေ ဆွေးနွေးထားပါတယ်။
2024-03-15
ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို ကျူးကျော်တာ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာမရှိဘဲ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကသာ မြန်မာပြည်သူတွေကို ခြိမ်းခြောက်နေတာလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2024-03-15
မြ၀တီမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဖလူးစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ မတ်လ ၁၅ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ပါတယ်။
2024-03-15
ရှမ်းပြည်နယ်တွင်းက ရေကာတာစီမံကိန်းတွေကို ရပ်တန့်ပေးဖို့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ သီပေါ၊ ကျောက်မဲနဲ့ ကွန်ဟိန်မြို့နယ်က ဒေသခံ ၃၀၀ ကျော် ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။