သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-11
ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် (၅၇) ရပ်ကွက်၊ မဟူရာလမ်းက အဆောက်အအုံတစ်ခုမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမသွာန် (ဥပုသ်လ) အတွက် ပြုလုပ်ထားတဲ့ ယာယီဝတ်ပြုကျောင်းတစ်ခု အပိတ်ခံလိုက်ရပါတယ်။
2024-03-11
ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ရွာမှာရှိတဲ့ ဒေသခံ တစ်ထောင်ခန့်ကို စစ်ကောင်စီတပ်က ထွက်ခွင့်မပေးတာကြောင့် ပိတ်မိနေကြပါတယ်။
2024-03-11
စစ်ကောင်စီလက်ထက်မှာ စတင်ပြောင်းလဲတဲ့ ပညာရေးစနစ်သစ်ရဲ့ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲတွေကို ဒီနေ့ကစပြီး တစ်နိုင်ငံလုံးမှာ စတင်ကျင်းပနေပါတယ်။
2024-03-11
ကချင်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ မပြဋ္ဌာန်းချိန်ကတည်းက ပြည်သူ့စစ်အဖွဲ့တွေ လူသစ်စုဆောင်းဖို့ ဖမ်းဆီးတာ ကြုံနေရသလို စစ်ကောင်စီက အခုလို ဥပဒေပြဋ္ဌာန်းလိုက်တဲ့နောက် ပိုပြီးစိုးရိမ်လာတဲ့အတွက် ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကြိုးစားလာကြတာလို့ လူငယ်တွေက ပြောပါတယ်။
2024-03-11
မြစ်ကြီးနားလေဆိပ်ကို မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပါတယ်။
2024-03-10
ရွှေဘိုအကျဥ်းထောင်မှာ အကျဥ်းခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားငါးဦးဟာ ကိုယ်အင်္ဂါကျန်းမာရေး ချို့တဲ့မှုနဲ့ရင်ဆိုင်နေရပြီး လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေဖြစ်လာပါတယ်။
2024-03-10
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ တလိုင်းအိုင်ရွာက ဒေသခံအယောက် နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-03-10
စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေကို ပြန်ပြီးစစ်မှုထမ်းခိုင်းမယ့် အရန်တပ်ဖွဲ့ နည်းဥပဒေကို ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာ မတ်လ ၁၁ ရက် ဒီနေ့မနက်မှာ ဖော်ပြပါတယ်။
2024-03-10
ကလေးအများစုဟာ မိဘတွေကို ကူညီလုပ်ကိုင်ပေးရတာတွေကြောင့် ပညာကောင်းကောင်းမသင်နိုင်ကြပါဘူး။
2024-03-10
စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေရဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ KNDF က ဆိုပါတယ်။
2024-03-10
နိုင်ငံတကာအစိုးရအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေတဲ့ကုမ္ပဏီတွေကို ချက်ချင်းအရေးယူပိတ်ဆို့ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
2024-03-10
ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးဟာ စားရေးသောက်ရေးအတွက် အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-03-10
ဖားကန့်မြို့နယ်က ကျောက်စိမ်းမြေဝင်ပေါက်လိုဖြစ်နေတဲ့ တာမခန်ရွာမှာ အခြေစိုက်တဲ့စစ်ကောင်စီတပ်ဟာ တပ်စခန်းကို စွန့်ခွာသွားတာကြောင့် (KIA) က နေရာယူလိုက်ပြီလို့ ဒေသခံတွေနဲ့ (KIA) ဘက်က ပြောပါတယ်။
2024-03-10
စစ်တွေမြို့ပေါ်က ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်အကြားကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-10
လောက်ကိုင်မြို့အလယ်က အိမ်ခြေခြောက်ဆယ်ကျော်ရှိတဲ့ ဒေသအခေါ် ဗမာတန်းကို သုံးရက်အတွင်းဖယ်ရှားပေးဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က အကြောင်းကြားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။