သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-10
အထည်စက်ရုံက ပစ္စည်းတွေယူလို့ဆိုပြီး (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ဒေသခံ ၃၆ ဦးကို လူချင်းလဲတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။
2024-03-10
ကျောက်ထုမြို့အရှေ့မြောက်ဘက် ငလွန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-09
ဗန်းမော်မြို့ နှစ်ခြင်းဘုရားကျောင်းထဲမှာရှိတဲ့ ရောဘတ် (Robert) စစ်ဘေးဒုက္ခသည်စခန်းက သင်းအုပ်ဆရာတစ်ဦးအပါအဝင် လူလတ်ပိုင်း အမျိုးသား (၁၇) ဦးကို စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-03-09
ဝက်လက်မြို့နယ် ဟလင်းကျေးရွာ၊ မလားကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်လေးဆယ်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-09
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့တဲ့အခါ မြန်မာစစ်ကောင်စီလက်ထဲ ပြန်မလွှဲဖို့ India For Myanmar က မဏိပူရ်ပြည်နယ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2024-03-09
မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းသုံးခုက ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေဟာ AA ဆီမှာ လက်နက်ချပြီး အလံဖြူထောင်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။
2024-03-09
စစ်ကောင်စီရဲ့ တရားဝင်မှုရရှိရေး ကြိုးပမ်းနေမှုကို လက်မခံဖို့နဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို အခုထက်ပိုပြီး လုပ်ဆောင်အောင် ဝိုင်းဝန်းဖိအားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။
2024-03-09
တိုင်းဗဟို (၉) ကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေက ဒေသခံနှစ်ဆယ်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
2024-03-09
ဘုတလင်မြို့နယ်တောင်ဘက်က ဇီးတောရွာကို စစ်ကြောင်းဝင်ရောက်လာပြီး နေအိမ်နှစ်ဆယ်ကျော် မီးရှို့ခဲ့သလို ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-03-09
ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ အမှတ် (၆) အထည်စက်ရုံက ပစ္စည်းတွေသွားယူတဲ့ ဒေသခံ ၃၆ ဦးကို NUG လက်အောက်ခံ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က ဖမ်းဆီးခဲ့ပါတယ်။
2024-03-09
မြစ်ကြီးနား လေဆိပ်ကို မတ်လ ၉ ရက်နေ့ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။
2024-03-09
သုံးရက်အတွင်း ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်း ၁၆ ခုကို သိမ်းဆည်းထားတယ်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2024-03-09
ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ရွာနဲ့ ရွှေညောင်ပင်ရွာကြားမှာ တိုက်ပွဲဖြစ်နေသလို အဲဒီတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ဒေသခံတွေ ထွက်မရဘဲပိတ်မိနေပါတယ်။
2024-03-09
မိုင်းဆက်မြို့နယ်မှာ ပြည်သူ့စစ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ ရွှေသတ္တု တူးဖော်မှုကြောင့် မယ်ဆိုင်မြစ်ရေ ညစ်ညမ်းလာပါတယ်။
2024-03-09
မင်းတပ်မြို့နယ် ဆွန်တောင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။