သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-10
နိုင်ငံရေးအကျဥ်းသူ မပန်းအိခင်ကို ထောင်ဝင်စာပို့ဖို့ ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ မိခင် ဒေါ်ကြည်ညွန့် ဟာ အပူရှိန်ကြောင့် ရုတ်တရက်လဲကျ သေဆုံးခဲ့ရတယ်လို့ WOPP ကထုတ်ပြန်ပါတယ်။
2024-04-10
ဘာသာရေးအရ အရေးကြီးချိန်မှာ အတင်းအကျပ် စစ်သားစုဆောင်းခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် ကိုယ်ချင်းစာကြောင်း NUG က ပြောပါတယ်။
2024-04-10
မြန်မာနိုင်ငံကနေ အမေရိကန် ချက်ဗရွန် ရေနံကုမ္ပဏီက လုပ်ငန်းရုတ်သိမ်းသွားပြီး အစုရှယ်ယာတွေကို ထိုင်း PTTEP – PTT ကုမ္ပဏီနဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝ လုပ်ငန်း MOGE ကို လွှဲပြောင်းပေးလိုက်ပါတယ်။
2024-04-10
မေမေ့ရင်ခွင်အဖွဲ့ရဲ့ တာဝန်ခံ ဦးသက်ခိုင်က အခုလိုပြိုင်ပွဲတွေ ကျင်းပတာဟာ မဲဆောက်ရောက် မြန်မာတွေကို စုစည်းစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်လို့ ပြောပါတယ်။
2024-04-10
မော်ချီးဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNSO (ခေါ်) ကြယ်ဖြူအဖွဲ့က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2024-04-10
ဒေါက်တာအောင်နိုင်ဦးကို ဧပြီလ ၁၀ ရက်နေ့က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးပြီး အပြန် မော်လမြိုင်မြို့အဝင်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
2024-04-10
ဧပြီ ၁၀ ရက် ညနေပိုင်းအထိ ဂိုထောင်လေးလုံး မီးလောင်ကျွမ်းနေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
2024-04-10
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးမြင့်လှိုင်ကို စစ်ကောင်စီတပ်က နေပြည်တော်ရှိ သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးသွားပါတယ်။
2024-04-10
ရန်ကုန်မြို့မှာ အပူချိန်ကြောင့် ရုတ်တရက် သေဆုံးတာ၊ မူးလဲပြီးဆေးရုံကို အရေးပေါ်ပို့ဆောင်ရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။
2024-04-10
စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ စတဲ့မြို့တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ လွတ်မြောက်နယ်မြေကို လာရောက်နေထိုင်ကြဖို့ (AA) တပ်မှူးချုပ်က ပြောဆိုလိုက်ပါတယ်။
2024-04-10
စားသောက်ဆိုင်စုစုပေါင်း ၃၄ ဆိုင်ရှိတဲ့အနက် အခြားနည်းသုံးစွဲခွင့် မလျှောက်ထားဘဲဖွင့်ထားတဲ့ ဆိုင်သုံးဆယ်ခန့်ကို ဧပြီလ ၅ ရက်နေ့နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းထားတာလို့ ဆိုပါတယ်။
2024-04-10
အမ်း၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2024-04-10
စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံကို ထွက်သွားတဲ့ မြန်မာလူငယ်တွေဟာ မလေးရှားမှာ အလုပ်အကိုင်ရှားပါးမှု ရင်ဆိုင်နေရသလို တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။
2024-04-10
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၅ နဲ့ ၁၀၆ လမ်းအကြားက မင်္ဂလာမန္တလေးသင်္ကြန်မဏ္ဍပ် ဧပြီ ၉ ရက်နေ့ မနက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
2024-04-10
တန့်ဆည်မြို့အနောက်ခြမ်းမှာနေထိုင်သူ ဒေသခံအယောက်နှစ်ဆယ်ကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီ ၅ ရက်နေ့က ရပ်ကွက်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။