သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-18
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ မေလ ၇ ရက်နေ့ကစပြီး မေလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်စုစုပေါင်း တစ်ရာကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-05-18
ဘူးသီးတောင်မြို့နယ်မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ AA ရဲ့ လေကြောင်းအပြင် ဒရုန်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံးခဲ့ပြီး နှစ်ရာနီးပါး ဒဏ်ရာရထားသလို ရိုဟင်ဂျာသောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2024-05-17
မြဝတီ-မဲဆောက်တံတား ဖြတ်သန်းဖို့အတွက် စမတ်ကတ် UID အထောက်အထား လက်မှတ်ပါမှသာ ဖြတ်သန်းခွင့်ပြုတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်တာကြောင့် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက် သွားလာမဲ့သူတွေ စမတ်ကတ်ရဖို့ လာဘ်ငွေပေးပြီး လုပ်ဆောင်နေရပါတယ်။
2024-05-17
ဘူးသီးတောင်မှာ AA က ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ထွက်ပြေးတိမ်းရှောင်နေရင်း RFA ကိုပြောပါတယ်။
2024-05-17
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းပြည်ကောင်စီတို့ မေလ ၁၇ ရက်နေ့က ပထမဆုံးအကြိမ်တွေ့ဆုံပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ ချင်းပြည်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2024-05-17
စစ်တပ်ဟာ ဘယ်လိုအခြေအနေကို ရောက်နေပြီလဲ၊ စစ်သားတွေ စစ်တပ်ကို ဘာကြောင့် အလုံးအရင်းနဲ့ စွန့်ခွာနေကြသလဲ၊ တပ်တွင်းမကျေနပ်မှုတွေ ဘယ်လောက်များနေပြီလဲ ဆိုတာတွေကို ဒီတစ်ပတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2024-05-17
သရက်ချောင်းမြို့နယ် ကနက်သီရီကျေးရွာတစ်ဝိုက် ဆယ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
2024-05-17
လက်ပံတောင်းက ကြေးနီသယ်ယာဉ်တန်းကို မေ ၁၆ ရက်က မုံရွာ-မန္တလေး ကားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-05-17
မြစ်ကြီးနား - ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကေအိုင်အေက မတ် ၁၀ ရက်နေ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကတည်းက ကားလမ်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရပါတယ်။
2024-05-17
ဂန့်ဂေါမြိုနယ် ရွှေဘိုရွာနဲ့ မြင်သာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ်သုံးရာကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။
2024-05-17
ဆီဆိုင်မြို့ သီရိရပ်ကွက်မှာ စစ်လက်ကျန်ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးသုံးဦး ဒဏ်ရာရသွားပါတယ်။
2024-05-17
စစ်မှုထမ်း အပတ်စဉ် (၁) မှာ ခေါ်ယူသလိုမျိုး မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ နာမည်စာရင်းနဲ့တကွ နေအိမ်တွေထိ လိုက်လံခေါ်ဆောင်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-05-17
စစ်ကောင်စီလက်အောက်က ထောင်အာဏာပိုင်တွေရဲ့ ထောင်တွင်းဖိနှိပ်မှုတွေကို ပြန်လည်တွန်းလှန်ရင်း ထောင်တွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရှိပါတယ်။
2024-05-17
ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်မှာ မေ ၁၆ ရက်က စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ကလေးသုံးဦးအပါ မိသားစုဝင် ငါးဦး ဒဏ်ရာရသွားပါတယ်။
2024-05-17
ကရင်ပြည်နယ်က ဧပြီလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၃၀ သေဆုံးပြီး ၅၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။