သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-16
ကြံခင်းမြို့နယ် သောကြာဒူးရွာက လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သုံးရက်အတွင်း သေဆုံးခဲ့ပြီး မိသားစုကိုလည်း ရုပ်အလောင်းပြန်မပေးခဲ့ဘူးလို့ ဒေသခံတွေက မေ ၁၆ ရက်မှာ ပြောပါတယ်။
2024-05-16
ခင်ဦးမြို့နယ် သရက်ပင်စုရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-16
မြန်မာနိုင်ငံကို လေယာဉ်ဆီပိတ်ပင်ဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုကို ထောက်ခံပါဝင်ပေးဖို့ တိုင်းရင်းသားသုံးဖွဲ့နဲ့ NUG တို့က ဂျပန်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2024-05-16
တနိုင်းမြို့နယ် နမ်ဗျူရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။
2024-05-16
နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-16
ထိုင်းနိုင်ငံမှာ ကျောင်းတက်မဲ့ မြန်မာလူငယ်တွေကို ပညာရေးဗီဇာ (Education Visa) ပိတ်တာမျိုး မရှိဘဲ အရင်မူဝါဒအတိုင်းပဲ ဆက်ပြီးဆောင်ရွက်နေပါတယ်။
2024-05-16
ဆောမြို့နယ် တောမရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး မေလ ၁၅ ရက်နေ့မှာ ထပ်မံသေဆုံးတာကြောင့် စုစုပေါင်းသေဆုံးသူ ရှစ်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-05-16
ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မေလ ၁၁ ရက်ကနေ ၁၃ ရက်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး ဒေသခံလေးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2024-05-16
ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မောင်အောင်မျိုးဇော်နဲ့ မပွင့်ပွင့်တို့ မောင်နှမနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-05-15
ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာ လေကြောင်းနဲ့ ဗုံးကြဲခံရမှုမှာ ဒဏ်ရာရသူတွေထဲက သေဆုံးသူတွေ ထပ်ရှိလာတာကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိလာပါတယ်။
2024-05-15
ဧရာဝတီတိုင်း လပွတ္တာမြို့ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၁၅ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်လို့ ရုံးစာရေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-15
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
2024-05-15
စစ်ကောင်စီ ကျူးလွန်ထားတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့လည်း AA က ဆိုပါတယ်။
2024-05-15
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Non-CDM ဝန်ထမ်းအားလုံးကို လက်ရှိအချိန်မှာ လုပ်ငန်းတာဝန်အားလုံးကနေ ရပ်ဆိုင်းလိုက်ပြီလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
2024-05-15
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာတယ်ဆိုတဲ့ သတင်းစကား ကြားခဲ့ရပေမဲ့ ဘယ်မှာရှိနေတယ်ဆိုတာကိုတော့ ထောင်ဝန်ထမ်းတွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။