သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-12
စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲကျူးလွန်နေပေမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသေးတာကြောင့် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လည်း NUG က တိုက်တွန်းထားပါတယ်။
2024-05-12
ဒီပဲယင်းမြို့နယ်တောင်ပိုင်း မကြီးအုပ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်၊ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် လေးဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
2024-05-12
ညောင်တုန်း၊ ပုသိမ်၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ အပတ်စဉ် (၂) အတွက် စစ်မှုထမ်းဖို့ခေါ်ယူတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကနေ တိုက်ရိုက်ခေါ်ယူနေပါတယ်။
2024-05-12
ဆားလင်းကြီးမြို့နယ် ပလောင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်ဆယ်နီးပါး မီးလောင်ပျက်စီးသွားပါတယ်။
2024-05-12
ကန့်ဘလူမြို့နယ်က မလည်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ခြောက်ဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံးခဲ့ပါတယ်။
2024-05-12
မူဆယ်မြို့နယ်အတွင်းက ကုန်စုံဆိုင်တွေကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အခွန်ပေးဆောင်ဖို့ လာရောက်အကြောင်းကြားထားပါတယ်။
2024-05-12
မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်၊ PAL Hotel မှာရှိတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား ကိုးဦးနဲ့ မြန်မာနိုင်ငံသား ၃၈ ဦး အဖမ်းခံခဲ့ရပါတယ်။
2024-05-11
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နဲ့ ဘုတ်ပြင်းမြို့နယ်အစပ်က စစ်ကောင်စီရဲ့ ၁၀၂၀ တာဝါတိုင်အထိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ KNU တာဝန်ရှိသူတွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2024-05-11
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမဲ့ အစီအစဉ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2024-05-11
တမူးမြို့နယ် မြို့သစ်မြို့ကို မေလ ၁၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
2024-05-11
မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အရပ်သား ၃၀ ကျော်ကို မေလ ၁၁ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအပြင် ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2024-05-11
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်တော်ဦးရွာမှာ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
2024-05-11
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ဆေးဝါးကုသမှု အချိန်မီ အလုံအလောက်မရတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး မေလ ၈ ရက်နေ့ည ၈ နာရီမှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ထုတ်ပြန်ပါတယ်။
2024-05-11
မကွေးတိုင်းက မြို့နယ်လေးမြို့နယ်မှာ နှာခေါင်းစည်း (Mask) မတပ်ဖို့နဲ့ လွယ်အိတ် စလွယ်သိုင်းမလွယ်ရ ဆိုပြီး စစ်ကောင်စီက အမိန့် ထုတ်ပြန်လိုက်တာကြောင့် နေ့စဉ်သွားလာနေတဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2024-05-11
မန္တလေးတိုင်း၊ အောင်မြေသာစံမြိုန့ယ်၊ သိမ်ကုန်းရပ်ကွက်မှာ မေလ ၁၀ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်ရာဝန်းကျင် အိုးအိမ်မဲ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။