သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-11
ရန်ကုန်-မော်လမြိုင်ကားလမ်မပေါ် မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးမှာရှိတဲ့ ကျုံအိတ်တံတား မေလ ၁၁ ရက်နေ့ မနက်အစောပိုင်း မိုင်းဆွဲဖျက်ဆီးခံလိုက်ရတာကြောင့် သွားလို့မရတော့ဘဲ လမ်းပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-11
စက်သုံးဆီပြတ်လပ်နေတဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စက်သုံးဆီကိုသိုလှောင်ထားပြီး အဆမတန်ဈေးတင်ရောင်းချသူတွေကို အရေးယူသွားမယ်လို့ ပူတာအိုဒေသ အခြေစိုက် KPDF ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က မေလ ၉ ရက်နေ့မှာ ထုတ်ပြန်သတိပေးထားပါတယ်။
2024-05-11
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ညီဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က မေလ ၉ ရက်နေ့ ညပိုင်းမှာ ပစ်သတ်လိုက်တယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
2024-05-10
တိုက်ပွဲကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဘုရားသုံးဆူမြို့ခံ တစ်ရာကျော် ထိုင်းနိုင်ငံမှာ ခိုလှုံဖို့ နယ်စပ်ဖြတ်ကျော်ပြီး ဆန်ခလဘူရီခရိုင်ထဲ ရောက်လာခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
2024-05-10
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီ ၁၇ ရက်က လွတ်လာခဲ့ပေမဲ့ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးထားတာ ခုဆို ရက်၂၀ ကျော်သွားပါပြီ။
2024-05-10
မြဝတီမြို့က ကျားဖျန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းနေရာတွေကို ထိုင်းအစိုးရက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပေမဲ့ မြေအောက်လိုင်းတွေက အင်တာနက်ကို အသုံးပြုပြီး ကျားဖျန့်လုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2024-05-10
စစ်ကောင်စီက ဗုံးကြဲတာကြောင့် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-05-10
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ မကြာခင် လွတ်မြောက်တဲ့ဒေသတစ်ခု ဖြစ်လာတော့မယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်တွေ ပေါ်ထွက်လာနေပါတယ်။
2024-05-10
ချင်းမိုင်မြို့မှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ဘာသာစကားသင်တန်းကျောင်းကနေတစ်ဆင့် ပညာရေးဗီဇာလျှောက်ခွင့်အတွက် မြန်မာအမျိုးသားတွေကို မေလ ၁၀ ရက်နေ့ကစပြီး ယာယီပိတ်ပင်လိုက်တယ်လို့ ပညာရေးဝန်ဆောင်မှုပေးနေသူတွေက RFA ကို ပြောပါတယ်။
2024-05-10
မတ္တရာမြို့မြောက်ဘက်မှာရှိတဲ့ တောင်တံငါကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းတစ်ခုကို မေလ ၁၀ ရက်နေ့မနက်က သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။
2024-05-10
လောလောဆယ် သေဆုံးသူ ၁၆ ဦးပဲ အတည်ပြုနိုင်သေးပြီး၊ ဒဏ်ရာရသူ ၂၅ ဦးကို လုံခြုံဘေးကင်းတယ်လို့ ယူဆရတဲ့ နေရာတစ်ခုမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-10
မုံရွာအကျဥ်းထောင်မှာ ထောင် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မုံရွာ ထောင်တွင်းတရားရုံးကနေ နောက်ထပ် ထောင်အနှစ် ၂၀ ထပ်မံချမှတ်လိုက်ပါတယ်။
2024-05-10
မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားပြီးနောက် ထောင်ဝန်ထမ်း ၁၃ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီး ထောင်ပိုင်ကြီးနဲ့ ထောင်ပိုင်လေးကို စစ်ကောင်စီက ဆက်လက်စစ်ဆေးနေပါတယ်။
2024-05-10
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် သုံးမိုင် နယ်ခြားစောင့်ရဲစစ်ဆေးရေးဂိတ်ဟောင်းအနီးမှာ မေ ၉ ရက်နေ့က အရပ်သားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
2024-05-10
မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က နေအိမ် ၁၅၀၀၊ မန္တလေးတိုင်းက နေအိမ် ၁၂၂၀၊ စစ်ကိုင်းတိုင်းက နေအိမ် ၉၉၇ လုံးနဲ့ မကွေးတိုင်းက နေအိမ် ၂၂၉ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။