သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-10
နယူးဇီလန်နိုင်ငံမှာ စစ်ကောင်စီကို တရားစွဲဆိုနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဥပဒေပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2024-05-10
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ မတ်လအထိ နိုင်ငံတစ်ဝန်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ကိုးဆယ်နီးပါးရှိနေပါတယ်။
2024-05-10
သံတွဲမြို့နယ်မြောက်ဘက် ဆယ်မိုင်ကျော်အကွာ လင်းသီရွာအနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
2024-05-10
ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာမှာ သတ်ဖြတ်ခံရထားရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပါတယ်။
2024-05-10
မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်ခြေ နှစ်ရာကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့အဖွဲ့က မေ ၁၀ ရက် နောက်ဆုံးထားဖယ်ရှားဖို့ ဖိအားပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-10
စစ်ကောင်စီက အဆင့်မြင့် ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှု များလာပြီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုလည်း မြင့်တက်လာပါတယ်။
2024-05-10
နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF တပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
2024-05-09
ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုကြောင့် သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်နေကြရပါတယ်။
2024-05-09
ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာက ဘုန်းကြီးကျောင်းကို လေကြောင်းကနေတိုက်လို့ သေဆုံးတဲ့သူ ၁၆ ဦးရှိပြီး ဒဏ်ရာရတဲ့သူ ၂၅ ဦး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-09
မတ်လ ၇ ရက်နေ့ကစတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
2024-05-09
ရိုဟင်ဂျာတွေဟာ အတင်းအဓမ္မတပ်သားအဖြစ် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ လူသားဒိုင်းအဖြစ် အသုံးချခံနေရတယ်လို့ ဆိုပါတယ်။
2024-05-09
ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ သူ့ရဲ့မိခင်၊ ကထိကနဲ့ တာဝန်ရှိသူတစ်ဦး စုစုပေါင်း ငါးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
2024-05-09
ဒီတိုက်ခိုက်မှုမှာ ဒေသခံ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး သေဆုံးပြီး နောက်ထပ် ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
2024-05-09
တိုက်ပွဲနဲ့နီးကပ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် အနီးအနား ကျေးရွာပေါင်း ဆယ်ရွာကျော်က ရိုဟင်ဂျာ လေးသောင်းနီးပါး ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
2024-05-09
ရခိုင်ပြည်နယ် စနဲမြို့ဈေးကို မေ ၉ ရက်မှာ စစ်တပ်က ဒရုန်းနှစ်စင်းနဲ့ ဗုံးသီးခြောက်လုံး ကြဲချခဲ့လို့ ဈေးဆိုင်ခန်း ဆယ်ခုထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။