သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-16
သန်လျင်တံတားသစ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ဖို့ စီစဥ်ထားသူကိုးဦးကို ဖမ်းဆီးရမိမှုနဲ့ဆက်စပ်ပြီး နောက်ထပ် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်လေးဦးကို ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက မြန်မာ့အလင်း သတင်းစာကတစ်ဆင့် ထုတ်ပြန်ပါတယ်။
2024-06-16
စစ်ကောင်စီစခန်းအခြေချရာ တိုက်တာအဆောက်အအုံတွေမှာ ဒေသခံတွေ အတူပူးတွဲမနေထိုင်ကြဖို့လည်း သတိပေးပြောဆိုထားပါတယ်။
2024-06-16
ဘင်္ဂလားဒေ့ရှ်ကို လျှော့မတွက်ဖို့နဲ့ သူတို့ဘက်ကိုထိလာရင် ပြန်လက်တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း ဝန်ကြီးက ပြင်းပြင်းထန်ထန် သတိပေးခဲ့တာဖြစ်ပါတယ်။
2024-06-16
ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေကို ရက် ၁၂၀ စီမံကိန်းနဲ့ စစ်ဆေးဖမ်းဆီးခဲ့ရာမှာ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
2024-06-16
ရွေးကောက်ပွဲကျင်းပနိုင်ရေး လာမဲ့အောက်တိုဘာလကစလို့ လူဦးရေသန်းခေါင်စာရင်းကောက်ယူမယ်လို့လည်း ဆိုပါတယ်။
2024-06-16
သူတို့တွေကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် အခုလိုဆန္ဒပြနေတာလို့ ဆိုပါတယ်။
2024-06-16
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာခံ ၅၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ သုံးလကျော်လာပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသလို ထမင်းဖိုး တစ်ယောက်အတွက် တစ်နေ့ငါးထောင်ကျပ် ပေးနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2024-06-16
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအနီးမှာ ရိက္ခာထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၁၅ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-06-16
မကွေးတိုင်း၊ ချောက်မြို့နယ် စလေမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းတာတွေကို ပျူစောထီးအဖွဲ့ကဦးဆောင်ပြီး ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-16
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ကိုပြောင်းရွှေ့လာတဲ့ ဒေသခံ အမျိုးသားနှစ်ရာခန့်ကို ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-16
စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ဘုတလင်နဲ့ ကနီမြို့နယ်ကို ဇွန်လ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-15
စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ ပိုပြီးအတင့်ရဲရဲ လုပ်လာသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းအမှောင်ချတာ၊ လွတ်လပ်စွာ သတင်းဖတ်ရှုခွင့်မရအောင် VPN ပိတ်တာလိုမျိုးတွေကို လုပ်နေတာဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
2024-06-15
မန္တလေးမြို့ အိုးဘိုထောင်က အကျဉ်းသားတစ်ရာဝန်းကျင်ကို ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းက မကွေးထောင်နဲ့ သာယာဝတီထောင်တွေကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
2024-06-15
မြိတ်မြို့နယ်က ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးတွေ စာရင်းကောက်ယူဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-15
စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် လူမဆန်ရက်စက်မှုတွေ ဆက်လက် ကျူးလွန်နိုင်ခြင်းမရှိအောင် ပိတ်ဆို့မှုတွေ ပိုမိုချမှတ်ရမှာ ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (GCR2P) က တိုက်တွန်း ပြောကြားလိုက်ပါတယ်။