သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-12
ဟိုပုံးမြို့နယ် နောင်ပဖားရွာက အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ပါတယ်။
2024-06-12
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
2024-06-12
မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတစ်ထောင်ကျော် ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-12
ကန်ပက်လက်မြို့နယ် လက်မွန်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဇွန်လ ၁၁ ရက် နေ့လယ်မှာ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။
2024-06-12
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လေးလအကြာ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၈၂ ဦး သေဆုံးခဲ့ပါတယ်။
2024-06-11
ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာ ဇွန် ၁၁ ရက်နေ့က လက်နက်ကြီးကျည် ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-11
မုံရွာမြို့နယ် ရွာတုံရွာထဲ ဇွန်လ ၁၁ ရက်နေ့ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2024-06-11
ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရမဲ့ ပန်းရောင်ကတ်ထုတ်ပေးမယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ပိုဝင်လာနိုင်တယ်လို့ ပြောပါတယ်။
2024-06-11
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး ဝဘ်ဆိုက်တွေ၊ ဆိုရှယ်မီဒီယာတွေကို ဝင်ကြည့်နိုင်တဲ့ VPN ဆော့ဖ်ဝဲတွေကို ပိတ်လိုက်ပါတယ်။
2024-06-11
စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေထဲက လူလေးဆယ်ကျော်ကို ဇွန်လ ၁၁ ရက်နေ့က အချုပ်ထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2024-06-11
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ချင်းပြည်နယ်မှာ စစ်ရေးမလှုပ်ရှားဖို့နဲ့ ဒေသခံတွေရဲ့ ဆန္ဒမပါတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမလုပ်ဖို့ ချင်းပြည်ကောင်စီက ဇွန်လ ၁၀ ရက်နေ့က ကြေညာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2024-06-11
ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တည်ရှိရာ ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုစလုံးကို ဇွန်လ ၁၁ ရက် ဒီနေ့သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
2024-06-11
ပေါက်တောမြို့နယ်မှာ ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
2024-06-11
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၅ဝ ကို ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2024-06-11
စဉ့်ကူးမြို့နယ် ထီးကုန်းရွာက နေအိမ်တစ်လုံးပေါ် ဇွန် ၁၁ ရက် မနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။