သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-11
စစ်ကိုင်း၊ မကွေး အပါအဝင် မြေပြန့်ဒေသမှာပါ မဟာဗျူဟာထိုးစစ်တွေ စတော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေ ၁၄ မှာ မကွေး PDF ရဲ့ စစ်သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
2024-06-11
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတစ်ခုကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်အဖွဲ့ ဝင်ရောက်တိုက်ခိုက်တာကြောင့် ရိုဟင်ဂျာ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-06-11
ဗိုလ်မှူးသုံးဦး အပါအဝင် စစ်ကောင်စီတပ်က စစ်သားနဲ့ရဲ စုစုပေါင်း ၄၅ ဦးဟာ မေလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြပါတယ်။
2024-06-11
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက်က နွေဦးတမာန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဇွန် ၁၀ ရက် ညနေပိုင်းမှာ ဝင်ရာက်စီးနင်းခဲ့တယ်လို့ ရုံးတာဝန်ခံက ပြောပါတယ်။
2024-06-11
နွားထိုးကြီးမြို့နယ် ကုကုန်းရွာကို ဇွန် ၁၀ ရက် မနက်ပိုင်းမှာ စစ်တပ်က မီးရှို့ခဲ့လို့ နေအိမ် ၆၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-11
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာပါ။
2024-06-11
ထိုင်းမှာ အိမ်ခန်းဝယ်တာကို ဖမ်းတာဆီးတာတွေ ရှိလာတဲ့အတွက် အဲဒီလိုပြောင်းဖို့ စိုးရိမ်ပူပန်တာလည်း ရှိနေကြပါတယ်။
2024-06-11
မြန်မာနိုင်ငံမှာ ၁၂ တန်း ပညာရေးစနစ်ရဲ့ ပထမဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း ၅၇ ရခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2024-06-11
တနိုင်းမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA က ဇွန် ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
2024-06-11
တန့်ဆည်မြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2024-06-11
ရန်ကုန်တိုင်းအတွင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ကြံစည်နေတာရှိတဲ့အတွက် လုံခြုံရေး သတိအမြဲ မပြတ်ရှိဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
2024-06-10
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2024-06-10
စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ကိုးဦးထဲမှာ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးပါဝင်ပါတယ်။
2024-06-10
နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာ ဖောင်ဒေးရှင်းက ပေးအပ်တဲ့ ဒီဆုဟာ ထောင်တွင်း မတရားအကျဉ်းချခံနေရတဲ့ အမျိုးသမီးသတင်းသမားတွေကို ချီးမြှင့်တာပါ။
2024-06-10
အာဏာသိမ်း စစ်ကောင်စီ အထီးကျန်သွားအောင် နိုင်ငံတကာကနေ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့ လိုတယ်လို့လည်း ရှောင်တာနဲလ်က ပြောပါတယ်။