သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-10
ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၃၀၇)က ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
2024-06-10
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနဲလ်ဟာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ရက်ပေါင်း ၆၅ဝ ကြာ ချုပ်နှောင်ခံခဲ့ရပါတယ်။
2024-06-10
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ AA က ဇွန်လ ၁၀ ရက် ညနေမှာ သတင်းထုတ်ပြန်ပါတယ်။
2024-06-10
စစ်တွေမြို့နယ်က ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စတဲ့ကျေးရွာတွေမှာ နေထိုင်သူတွေကို စစ်တွေမြို့ပေါ်ကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားပါတယ်။
2024-06-10
မကွေးတိုင်း ရေစကြိုမြို့နယ် ခုနှစ်ပင်ရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအနီးမှာ တိုက်ပွဲတွေကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ စက်လှေမှောက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇွန်လ ၉ ရက်နေ့က ပျံ့နှံ့လာခဲ့ပါတယ်။
2024-06-10
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ KNDF ရဲ့ အမှတ် (၈) ဗျူဟာကို တပ်ရင်းသုံးရင်းနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက ပြောပါတယ်။
2024-06-10
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းအနီးက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာမှာ နေထိုင်တဲ့ ဆိုင်ခန်းတစ်ရာကျော်ကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။
2024-06-10
အာဏာသိမ်းပြီးနောက် ပန်ဝါနဲ့ ချီဖွေမြို့တို့မှာ ၂၀၂၁ နဲ့ ၂၀၂၃ အတွင်း မြေရှားသတ္တုတူးဖော်မှု လေးဆယ်ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2024-06-10
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသုံးခုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဇွန်လ ၈ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။
2024-06-10
မင်းပြားမြို့ပေါ်က အလယ်ပိုင်းရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-06-10
ဇွန် ၈ ရက်က မုံရွာ၊ ညောင်ပင်တဲရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရလို့ အဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-06-10
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်စခန်းကို ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2024-06-10
အာဏာသိမ်းပြီးနောက် ကျောက်စိမ်း၊ မြေရှားသတ္တု၊ ကျွန်းသစ်နဲ့ ရွှေ စတဲ့ သစ်ခုတ်တာနဲ့ သတ္တုတူးဖော်တာတွေကို အလွန်အကျွံလုပ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။
2024-06-09
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားအများစုဖြစ်ပြီး အမျိုးသမီးတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။