သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-19
ထိုင်းနိုင်ငံမှာ ဇွန်လ ၅ ရက်နေ့က ဇူလိုင် ၁၁ ရက်နေ့အထိ ရက်ပေါင်း ၃၆ ရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ရှစ်သောင်းကျော် ဖမ်းဆီးမိခဲ့ပါတယ်။
2024-07-19
စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့ပြီးနောက် လုပ်သားရှားပါးလာတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ကလေးအလုပ်သမား များလာပါတယ်။
2024-07-19
စဥ့်ကူးမြို့နယ် ထုံးကြီးတိုက်နယ်ရဲစခန်းကို MDYPDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး စစ်သုံ့ပန်း ငါးဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပ.က.ဖအဖွဲ့က ပြောပါတယ်။
2024-07-18
၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရ၀ပြုခွင့်မရခဲ့ပါဘူး။
2024-07-18
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေကို စိုးရိမ်တဲ့ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့ရဲ့ ပူးတွဲကြေညာချက်ကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ မှာ ထုတ်ပြန်ပါတယ်။
2024-07-18
ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်နေပြီး သေဆုံးသူ နှစ်ဆယ်ကျော် ရှိလာနေပါတယ်။
2024-07-18
မြန်မာငွေတန်ဖိုးကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးတာနဲ့ စစ်ကောင်စီရဲ့စီးပွားစီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာ့စီးပွားရေး ရေစုန်မျောနေပြီလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။
2024-07-18
စစ်ကောင်စီတပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်လာလို့ ကျောက်မဲနဲ့ မိုးကုတ်အရှေ့ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
2024-07-18
TNLA နဲ့ MNDDA ဘက်က တစ်ဖက်သတ် အပစ်ရပ်စဲခဲ့ပေမဲ့လည်း တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် ရှိသွားပြီလို့ ဆိုပါတယ်။
2024-07-18
ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုံ့နှေးတာ၊ အစားအသောက်နည်းတာတွေ စတင်ခံစားနေရတာလို့ ဆိုပါတယ်။
2024-07-18
မြန်မာစစ်ကောင်စီက လက်နက်ဝယ်ယူဖို့အတွက် အသုံးပြုခဲ့တယ်လို့ သံသယရှိတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းအစိုးရက လာမဲ့သီတင်းပတ်မှာ ထိုင်းဘဏ်တွေနဲ့ အစိုးရဌာနတွေကို တွေ့ဆုံသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန် (Maris Sangiampongsa) က ဇူလိုင်လ ၁၈ ရက် ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
2024-07-18
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာက ကချင်ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရဲ့ သိက္ခာတော်ရဆရာတော် မဒိန်ခေါဘောမ် (Rev. Mading Hkaw Bawm) ကို ရွာလမ်းဖျက်ဆီးနေတာကို ဖုန်းနဲ့ဗီဒီယိုရိုက်ကူးမှုနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးသွားပါတယ်။
2024-07-18
လားရှိုးမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး လားရှိုးမြို့ခံ ရှစ်သောင်းဝန်းကျင်ထဲက ငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသလို သုံးသောင်းခန့် မြို့ထဲမှာပဲ ပိတ်မိနေပါတယ်။
2024-07-18
တစ်ကျော့ပြန်တိုက်ပွဲအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်ကို AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် မြန်မာပြည်မနဲ့ ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ အခုဆို အချိန် ခုနစ်လခန့် ရှိလာပါပြီ။
2024-07-18
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်ကွက်ကို ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။