သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-18
ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေကြောင့် ကုန်းလမ်းကုန်သွယ်ရေး ရပ်ဆိုင်းနေချိန်မှာ စစ်ကောင်စီက ဒီလဆန်းမှာပဲ ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကုန်သွယ်ရေး ပုံစံသစ်ကို စတင်လိုက်ပါတယ်။
2024-07-18
ဆောမြို့နယ်၊ ကြန်တောရွာထဲ ဇူလိုင်လ ၁၇ ရက် ည ၈ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2024-07-18
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာမှာ ဇူလိုင်လ ၁၇ ရက် မနက်က တိုက်ပွဲဖြစ်ခဲ့ပြီး မူလတန်းကျောင်းအုပ်အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-18
သေဆုံးမှုတွေအထဲ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ မခွဲခြားဘဲ ပစ်မှတ်ထား သတ်ဖြတ်တာတွေလည်း ပါဝင်ပါတယ်။
2024-07-18
စဥ့်ကူးမြို့နယ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ စဉ့်ကူးမြို့နယ် ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
2024-07-18
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ရန်ကုန်မြို့ပြပြောက်ကျား Dark Shadow အဖွဲ့ဝင်နှစ်ဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က အတည်ပြုပါတယ်။
2024-07-17
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၁၂) ကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-07-17
FPNCC ဦးဆောင်မှုနဲ့ နှစ်ဖက်ဆွေးနွေးပြီး အဆင်ပြေသွားတာလို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။
2024-07-17
လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်က တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ခိုးယူခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ IEC က အခုလို သတင်းထုတ်ပြန်လာတာပါ။
2024-07-17
စစ်ကောင်စီတပ်က ပစ်ခတ်တာတွေကြောင့် သုံးရက်အတွင်း အရပ်သား ကိုးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
2024-07-17
လေတပ်အရာရှိ သုံးဦးနဲ့ ရဲဘော် ၁၅ ဦး ထပ်မံသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ ၃၄ ဦးရှိတယ်လို့ ပြောထားပါတယ်။
2024-07-17
စိုင်းဆိုင်မောဝ် ဟာ ၁၉၄၈ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပါပြီ။
2024-07-17
မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း သုံးဆယ်နီးပါးကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းယူထားချိန်မှာ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-17
စစ်တွေမြို့ မင်းဂံရပ်ကွက်နဲ့ ဗျိုင်းဖြူရွာ၊ ရွှေပြည်သာရွာနဲ့ တခြားကျေးရွာတချို့က ဒေသခံ နှစ်ရာကျော်ကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
2024-07-17
အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ NLD ပါတီဝင် ၁,၅၃၉ ဦး ပါဝင်တယ်လို့ NLD က ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။