သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-17
မင်းလှမြို့နယ်၊ ဆားချောင်းရွာကို စစ်တပ်က ဇူလိုင် ၁၅ ရက်နေ့မှာ ဝင်ရောက်မီးရှို့လို့ နေအိမ် သုံးဆယ်ခန့် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-07-17
မြင်းခြံမြို့နယ် တူရွင်းဘို့ရွာအနီးမှာ စစ်တပ် စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံ တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ဒေသခံ လေးဦးလည်း ဆက်လက်ဖမ်းဆီးခံထားရပါတယ်။
2024-07-17
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးတာတွေကို ပြီးခဲ့တဲ့ ဇွန်လကစလို့ ရက်ကန့်အသတ်မရှိ ရပ်ဆိုင်းထားရတယ်လို့ MSF)က ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-07-17
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းကွဲလို့ပြိုကျနေတဲ့အတွက် ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဉ် အစီးတစ်ရာလောက် ပိတ်မိနေပါတယ်။
2024-07-17
စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့မှာ ပြည်ပကနေတင်သွင်းရတဲ့ မရှိမဖြစ် ဆေးဝါးတွေ ပြတ်လပ်နေပါတယ်။
2024-07-17
စဥ့်ကူးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တစ်ရာခန့် ပျက်စီးပြီး၊ အရပ်သား နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
2024-07-16
မံစီမြို့နယ်အတွင်းမှာရှိတဲ့ ရွာတချို့က တောင်ယာစပါးခင်းတွေကို ဇွန်လလယ်ကစပြီး နေ့စဉ်ဆိုသလို ကြွက်တွေဝင်ရောက် ဖျက်ဆီးနေတာကြောင့် စပါးခင်း ဧကနှစ်ရာကျော် ပျက်စီးသွားပါတယ်။
2024-07-16
မြန်မာနိုင်ငံက ကုန်းလမ်းအစား ရေကြောင်းက ကုန်စည်တင်ပို့လာတာကြောင့် ရနောင်းဆိပ်ကမ်း လည်ပတ်မှု မြင့်တက်လာပြီး ထိုင်းအစိုးရရဲ့ လမ်းတံတားစီမံကိန်း (Land Bridge) အတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ထိုင်း ပို့ဆောင်ရေးဒုဝန်ကြီး မန်နာပွန် ချာရွန်စီက ပြောပါတယ်။
2024-07-16
ပဲခူးတိုင်း မိုးညိုမြို့နယ်မှာ ဧရာ၀တီမြစ်ရေ မြင့်တက်ပြီး သီးနှံစိုက်ခင်းဧက တစ်သောင်းခွဲကျော် ရေဝင်နစ်မြုပ်နေပါတယ်။
2024-07-16
ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး တာကူးရ် (Abhay Thakur) တို့ နေပြည်တော်မှာ တွေ့ဆုံစဉ် အိန္ဒိယနဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
2024-07-16
အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း လျစ်လျူရှုထားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။
2024-07-16
အေလာလေတပ်စခန်းကို တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ လေတပ်အရာရှိလေးဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့တယ်လို့ MKCDF က ထုတ်ပြန်ပါတယ်။
2024-07-16
လားရှိုးမြို့အနီးက တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဒုတိယတပ်ခွဲမှူးတစ်ဦးအပါအဝင် သုံ့ပန်း ၃၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
2024-07-16
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
2024-07-16
မတ္တရာမြို့နယ်က စစ်ကောင်စီရဲ့ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနဲ့ တောင်တံငါ တပ်စခန်းကို သိမ်းယူလိုက်ပြီလို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။