သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-10
ချင်းတွင်းမြစ်အထက်ပိုင်းက ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ကလေးဝမြို့တွေမှာ ရေကြီးရေလျှံမှု အချိန်တစ်ပတ်ကျော်လာတဲ့အတွက် နေထိုင်စားသောက်ရေး အခက်ကြုံနေရပါတယ်။
2024-07-10
လားရှိုးမြို့ မှာ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ် လူငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2024-07-10
စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအဖွဲ့တွေမှာ ပုံမှန်ထက် အင်အားတိုးတာတွေရှိပေမဲ့ စစ်ကောင်စီရဲ့ လူသစ်စုဆောင်းခံလိုက်ရတဲ့ လူငယ်အင်အားကလည်း မနည်းပါဘူး။
2024-07-10
ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ရွာတချို့မှာ ဇူလိုင်လ ၆ ရက်နေ့နဲ့ ၈ ရက်နေ့တွေက ဒေသခံသုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-10
တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့မှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ မြို့ပေါ်ရပ်ကွက်တွေအတွင်း ကျရောက်ပေါက်ကွဲပြီး ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရသွားပါတယ်။
2024-07-10
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာမှာ ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-10
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြားဖြတ်အစိုးရဖွဲ့စည်းရေး စည်းရုံးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါတယ်။
2024-07-10
မတူပီမြို့နယ်ထဲမှာ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားသောက်ကုန်တွေ သယ်မရတာ၊ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်နေတာကြောင့် အခက်အခဲ ကြုံနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-07-10
မိုးကုတ်မြို့နယ်ကနေ မိုးကုတ်-မန္တလေးလမ်းအတိုင်း ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းခန့်ဟာ စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှနဲ့ ရွှေပြည်ရွာတွေမှာ ပိတ်မိနေပြီး ရှေ့ဆက်မသွားနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-07-10
ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ မြစ်ကြီးနားမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပြန်ကျလို့ ရှင်းလင်းရေးတွေလုပ်ချိန် ရုပ်အလောင်းငါးလောင်းထက်မနည်း ပြန်တွေ့ခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
2024-07-10
မြင်းမူ၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်တွေမှာ ရေကြီးရေလျှံမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် မြစ်ကမ်းဘေးမှာနေထိုင်တဲ့ ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။
2024-07-10
ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်ထဲမှာ သမ္ဗန်တစ်စင်း နစ်မြုပ်ခဲ့ပြီး ကျောင်းသားတွေအပါအဝင် ရှစ်ဦးပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
2024-07-10
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လေးအိမ်စုရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-07-09
မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေး ချမှတ် ပြဋ္ဌာန်းဖို့ အမေရိကန်အစိုးရကို အရပ်ဘက်အဖွဲ့ အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။
2024-07-09
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းရောဂါကူးစက်မှုတွေ ဆက်ရှိနေပြီး တစ်ရက်တည်းမှာ ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် ၆၄ ဦး ထပ်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။