သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-09
စစ်ခေါင်းဆောင်က လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် အရှိန်မြှင့်ပြင်ဆင်မယ်လို့ ဇူလိုင်လ ၇ ရက်နေ့က ပြောလာပါတယ်။
2024-07-09
အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့မှာ ကြေညာပါတယ်။
2024-07-09
"၁၀၂၇ စစ်ဆင်ရေး"နဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တပ်ရင်းတွေ ပါဝင်တိုက်ခိုက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2024-07-09
ရခိုင်၊ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တခြား လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုတွေအပေါ် အလွန်ဆိုးရွားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ထပ်မဖြစ်အောင် ဆောင်ရွက်နေတယ်လို့ NUG က ကြေညာချက်ထုတ်ပြန်ပါတယ်။
2024-07-09
မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်နှစ်ခုက စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၉ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
2024-07-09
သံတွဲမြို့ လင်းသာဆိပ်ကမ်းနဲ့ ဂျိတ်တောရပ်ကွက်မှာ ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-09
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2024-07-09
အိမ်စီးကားအစီး သုံးရာကျော်နဲ့ ကုန်တင်ကားအစီး ငါးဆယ်ကျော်လည်း အခုထိ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
2024-07-09
မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၉ ရက်နေ့မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-09
တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာအပြင် စစ်ကောင်စီတပ်တွေရဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ချက်တွေကြောင့်လည်း ပဋိပက္ခဒေသတွေကို ကာကွယ်ဆေးတွေရောက်ဖို့ ခက်ခဲနေတာပါ။
2024-07-09
မြန်မာတွေရဲ့ လက်မှုပညာနဲ့လုပ်တဲ့ ကုန်ပစ္စည်းတွေထဲမှာ စက္ကူရုပ်ကလေးတွေကိုလည်း ထည့်ပြောရမှာပါ။ အဲဒီအရုပ်လေးတွေကို စွန့်ပစ်ပစ္စည်းတွေအခြေခံပြီး ထုတ်လုပ်တာဖြစ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
2024-07-09
တိုက်ပွဲတွေကြောင့် သုံးလနီးပါး ပိတ်နေတဲ့ဒီလမ်းကို နှစ်ဖက်တပ်တွေက ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဇူလိုင်လဆန်းပိုင်းမှာပဲ သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပြန်ပိတ်ပြီး ကုန်သွယ်မှုတွေ ထပ်မံရပ်ဆိုင်းသွားတာပါ။
2024-07-09
ဖောင်းပြင်မြို့နယ်၊ အင်းသာရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၅ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး၊ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-09
မအူပင်မြို့နယ်က ရွာတချို့မှာ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာပိုင်တွေက အိမ်ထောင်စုတစ်စုကို ကျပ်ငါးသောင်းကနေ တစ်သိန်းအထိ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။
2024-07-09
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။