သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-19
ဒီပဲယင်းမြို့ကို စစ်တပ်က ဩဂုတ် ၁၈ ရက် ညနေပိုင်းမှာ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒီပဲယင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-08-19
ပြည်တွင်းမှာ စားအုန်းဆီတွေ လိုသလောက်ဝယ်လို့မရဘဲ ဈေးတွေတက်လာချိန် စစ်ကောင်စီရဲ့ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးဟာလည်း ကျပ်ခြောက်ထောင်ကျော်ထိ တဖြည်းဖြည်းမြင့်တက်လာတာလို့ ဆိုပါတယ်။
2024-08-18
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဒဏ်တွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ကလေးငယ်တွေ စာတတ်ဖို့အတွက် အခက်အခဲကြားကနေ ဒီကျောင်းကိုဖွင့်ရတာလို့ ဆိုပါတယ်။
2024-08-18
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ်နဲ့ မွန်ပြည်ကာကွယ်ရေးတပ် စတဲ့ မွန်လက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်းလိုက်တာပါ။
2024-08-18
ပါလီမန်က သူ့ကိုရွေးချယ်လိုက်ပြီး နှစ်ရက်အကြာမှာ အတည်ပြုတာဖြစ်ပြီး လာမယ့် သီတင်းပတ်တွေအတွင်း အစိုးရဖွဲ့နိုင်ပါတော့မယ်။
2024-08-18
အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနဲ့ ဘိုတဲကုန်းရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းတွေကို သိမ်းယူနိုင်တာလို့ ဆိုပါတယ်။
2024-08-18
မယ်ဆိုင်ချောင်း တစ်ဖက်ကမ်း ရှမ်းပြည်နယ် တာချီလိတ်မှာလည်း စနေညက ရေလွှမ်းမိုးသွားပါတယ်။
2024-08-18
ရိုဟင်ဂျာတွေကို ဆက်လက် ထောက်ပံ့မှာဖြစ်ပြီး လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ လူ့အခွင့်အရေးအပြည့်အဝနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဆောင်ဖို့ လိုအပ်တယ်လို့ မိုဟာမက်ယူနွတ်က ပြောပါတယ်။
2024-08-18
လှိုင်သာယာမြို့နယ်ရှိ Sewell Garment (Myanmar) အထည်ချုပ်စက်ရုံမှာ သြဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေက ပြောပါတယ်။
2024-08-18
ထိုင်းနိုင်ငံအလယ်ပိုင်း ပရာကျင်ဘူရီပြည်နယ်က စက်မှုဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ခလစာရရှိရေး ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမား ခုနစ်ရာ၀န်းကျင်ရဲ့ လုပ်အားခတွေကို လာမဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ ပေးချေပါမယ်ဆိုတဲ့ ကတိကဝတ်ရရှိလို့ ယာယီပြေလည်မှု ရရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
2024-08-18
အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း တစ်ကြိမ်မှာ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ် ၅၇ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၂၂၄ ဦး သေဆုံးခဲ့တယ်လို့ ISP-Myanmar က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-08-18
သပိတ်ကျင်းမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဖော့တောလမ်းဆုံ ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA က ဩဂုတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-08-17
ဒီပဲယင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး ဒါဟာ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ပထမဆုံး သိမ်းပိုက်လိုက်နိုင်တဲ့မြို့ ဖြစ်လာပါတယ်။
2024-08-17
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်ပြီး လက်မခံနိုင်တော့ဘူးလို့ ပြောပြီး အခြားနိုင်ငံတွေကို လက်ခံထားဖို့ တိုက်တွန်းနေပါတယ်။
2024-08-17
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ခေါင်းဆောင် မိုဟာမက် ယူနွတ်က နိုင်ငံတကာကို ကတိပြု ပြောကြားလိုက်ပါတယ်။