သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-17
ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းမှုဟာ နိုင်ငံရဲ့အခြေအနေကို ရှုပ်ထွေးစေနိုင်တဲ့အတွက် စစ်ကောင်စီသာမက အားပေးထောက်ခံတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူရလိမ့်မယ်လို့ NUCC က သတိပေးလိုက်ပါတယ်။
2024-08-17
ဂျိုဟိုးဘာရူမြို့က BSIနဲ့ KSAB လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ နှစ်ရက်တာ စစ်ဆင်ရေးအတွင်း ဒီလူတွေကို ဖမ်းဆီးခဲ့တာလို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောပါတယ်။
2024-08-17
မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ စည်သွတ်ဘူး ထုတ်ကုန်တွေဟာ စားသုံးဖို့မသင့်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေးလိုက်ပါတယ်။
2024-08-17
ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ကာကွယ်ရေးအတွက် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းလိုက်ပါတယ်။
2024-08-17
တရုတ်လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၇ဝဝ ကို နှစ်လစာ လုပ်ခ ဘတ် ၁ဝ သန်း ပေးစရာရှိနေတာကို မပေးတဲ့အတွက် အလုပ်သမားတွေက သပိတ်စခန်းဖွင့် ဆန္ဒပြနေတာလို့ ဆိုပါတယ်။
2024-08-17
ဩဂုတ်လ ၁၆ ရက်နေ့က တံတားဦးမြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကနေ အမျိုးသား ၁၄၀ ကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-17
စစ်ပွဲတွေကြောင့် ဖျက်ဆီးခံနေရတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ၀ိုင်း၀န်းကူညီကြဖို့ တရုတ်နိုင်ငံခြားရေး၀န်းကြီး ၀မ်ယိက သောကြာနေ့က ထိုင်းနဲ့ လာအိုနိုင်ငံခြားရေး၀န်ကြီးများနဲ့ တွေ့ဆုံစဥ် ပန်ကြားလိုက်ပါတယ်။
2024-08-17
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဩဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-17
နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေလေးသိန်းနီးပါး ရေးဘေးသင့်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်အခြေအနေတွေကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ UNOCHA က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-08-17
ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်ထားပေးထားတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါးအထိ ရှိလာနေပြီး လက်ရှိမှာ ဒုက္ခသည်တွေအတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-08-17
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်မှုတွေကြောင့် ဒီရက်ပိုင်းအတွင်း အရပ်သားသေဆုံး ထိခိုက်တာတွေနဲ့ နေအိမ်အဆောက်အုံ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
2024-08-17
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှာ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ခုနစ်ကြိမ်ထက်မနည်း ဗုံးကြဲတာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-16
မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ထောက်ပံ့ဖို့အပြင် အကူအညီတွေ ထပ်တိုးပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
2024-08-16
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သြဂုတ် ၁၄ ရက်က နေပြည်တော်မှာ တွေ့ဆုံမှု အပြီး နှစ်ဖက်သတင်း ထုတ်ပြန်ရာမှာ ကွဲလွဲမှုတွေရှိခဲ့ပါတယ်။
2024-08-16
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ အထွေထွေခွဲစိတ်ဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုဟာ ကယားပြည်နယ်ရဲ့ ပထမဆုံး ဆေးကောလိပ် ဖွင့်ဖို့လည်း သူ ကြိုးစားနေပါတယ်။