ဒီစီမံချက် ဘာကြောင့် လုပ်ရပါသလဲ။
ရှေ့  အနာဂတ်ကာလမှာ သန့်ရှင်းတဲ့ရေဟာ လောလောဆယ်မှာ အင်မတန်ဈေးကောင်းနေတဲ့ ရေနံစိမ်းထက် ပိုမိုရှားပါးတဲ့ ကမ္ဘာ သဘာဝ အရင်းအမြစ်တစ်ခု ဖြစ်လာပါလိမ့်တယ်။ အခုချိန်ထိ ရေသန့်ဟာ ဘာနဲ့မှ အစားထိုး သုံးစွဲလို့မရသလို ကမ္ဘာ့ဈေးကွက်မှာ ဝယ်ယူလို့ မရနိုင်တဲ့ တစ်ခုတည်းသော လူသုံးကုန်ဖြစ်ပါတယ်။ အာရှမှာဆိုရင် လူ ၅ ယောက်မှာ ၁ ယောက်ဟာရေသန့်လုံလုံလောက် လောက် မရရှိပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်သာ ရေသန့်ကိုသုံးစွဲနိုင်ကြပြီး ရေသန့်လိုအပ်မှုပမာဏ ဟာလည်း တနေ့တခြား ကြီးမားလာပါတယ်။ ရေသန့် လိုအပ်မှုဟာ ပြသနာကြီးတခုအဖြစ် ရောက်ရှိလာရတဲ့ အထဲမှာ ကမ္ဘာကြီးပူနွေးလာမှု၊ ရေသုံးစွဲမှု များပြားတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ လူဦးရေ တိုးတက်မှုနှုန်း မြင့်မားလာမှု တွေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေဟာ အကြောင်းရင်းတွေအဖြစ်ပါဝင်ပါတယ်။
လွတ်လပ်သောအာရှအသံက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရေသန့်မလုံလောက်မှုကို အဓိကခံစားနေကြရတဲ့ ရွာသူရွာသားတွေ၊ ရွှေ့ပြောင်းနေထိုင်ကြသူတွေနဲ့ လယ်သမားတွေကို လေ့လာစုံစမ်းခဲ့ပါတယ်။