မဲထည့်ခွင့်ရှိသူ ၄၀၀၀ ခန့် စာရင်းပျောက်နေ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် သံလျှက်မော် ရပ်ကွက်မှာ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိပါလျက် စာရင်းထဲ မပါဝင်သူ လေးထောင်လောက် စစ်ဆေးတွေ့တယ်လို့ အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။

2012.03.12
election_ballot_station_305_z.png မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ မဲရုံတခုမှာ မဲပေးရန် စာရင်းပေးနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
အဲဒီဒေသခံတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ရခဲ့သူတွေ ဖြစ်ပြီး သံလျှက်မော် ရပ်ကွက်တွင်းမှာ လက်ရှိ နေထိုင်နေသူတွေ ဖြစ်ပေမယ့် မဲစာရင်းမှာ မိမိတို့ရဲ့ အမည်တွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ မဟာအောင်မြေမြို့နယ်မှာ အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်မယ့် အန်အယ်လ်ဒီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုံးကြိုင်က စာရင်းမှန်ကို ပြုစုပြီး မကြာခင်မှာ ကော်မရှင်ကို တိုင်ကြားသွားမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။