နိုင်ငံရေးပါတီများ
- ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ
- ၈၈ မျိုးဆက်
ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ
-
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
- ကချင်ဒီမိုကရက်တစ်ပါတီ
-
ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ
-
ကမန်အမျိုးသားတိုးတက်ရေးပါတီ
- ကရင်ပြည်သူ့ပါတီ
-
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
ကရင်ဒီမိုကရက်တစ်ပါတီ
- ကရင်အမျိုးသား ပါတီ
-
ကယားလူမျိုးစုဒီမိုကရေစီပါတီ
- ကယန်းအမျိုးသားပါတီ
-
ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
-
ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ခူမီး(ခမီး)အမျိုးသားပါတီ
- ချင်းတိုးတက်ရေးပါတီ
- ချင်းဒီမိုကရေစီအဖွဲ့ချုပ်
-
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
- ခေတ်သစ်ပြည်ထောင်စုပါတီ
-
ခေတ်သစ်ပြည်သူ့ပါတီ
- စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ
ကချင်ပြည်နယ် (စဒက)
-
စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
-
စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီ
-
ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ
-
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)
- တအာင်း(ပလောင်)အမျိုးသားပါတီ
-
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
-
တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
-
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
ထားဝယ်တိုင်းရင်းသားများပါတီ
- ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
- ဒီမိုကရက်တစ်ပါတီ(မြန်မာ)
- ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးပါတီ
- ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ
-
ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
-
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ
-
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ
-
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
-
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားရေးအဖွဲ့ချုပ်ပါတီ
-
ပြည်ထောင်စုဒီမိုကရေစီပါတီ
- ပြည်သူ့ဒီမိုကရေစီပါတီ
-
ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ
- ဖလုံ - စဝေါ်
ဒီမိုကရက်တစ်ပါတီ
- ဖက်ဒရယ်ပြည်ထောင်စုပါတီ
- ဗမာပြည်သူ့ပါတီ
-
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
-
မဟာမိတ်တောင်သူလယ်သမားပါတီ
- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
- မွန်အမျိုးသားပါတီ
- မြန်မာနိုင်ငံ တောင်သူလယ်သမား
အလုပ်သမား ပြည်သူ့ပါတီ
-
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- မြန်မာအမျိုးသားကွန်ဂရက်ပါတီ
- မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
-
မြိုတိုင်းရင်းသားပါတီ
- မြိုအမျိုးသားဒီမိုကရေစီပါတီ
-
ရခိုင်မျိုးချစ်ပါတီ
- ရခိုင်အမျိုးသားပါတီ
-
ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
-
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
-
ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
-
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
-
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ရှမ်းနီ
(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ
သွေးစည်းညီညွတ်ရေးပါတီ
- “ဝ”ဒီမိုကရက်တစ်ပါတီ
-
“ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
- ဝံသာနုဒီမိုကရက်တစ်ပါတီ
- လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ -
-
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
-
လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)
- လူ့ဘောင်သစ်
ဒီမိုကရက်တစ် ပါတီ
- လူ့ဘောင်သစ်ပါတီ
- လမ်းပြကြယ်ပါတီ
- လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
-
အမျိုးသမီးပါတီ (မွန်)
- အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
-
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
-
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
-
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
-
အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- အမျိုးသားတိုးတက်မြင့်မားရေးပါတီ
-
အမျိုးသားတိုးတက်ရေးပါတီ
-
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
-
အရှိုချင်းအမျိုးသားပါတီ
- အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ
-
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
Next
မဲဆန္ဒရှင်များ သိကောင်းစရာ
ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ ဆောင်းပါးများ
နားဆင်ရန် အထက်စာသားကို နှိပ်ပါ။
မဲပေးခွင့်ရှိသူစာရင်းများ ပြုစု ထုတ်ပြန်ခြင်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခု နိုဝင်ဘာလကစတင်ပြီး တစ်နိုင်ငံလုံးမှာ
ကောက်ယူခဲ့ပါတယ်။ အဲသလို ကောက်ယူရာမှာ ကျေးရွာနဲ့
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာရှိတဲ့ အိမ်ထောင်စုစာရင်းတွေကို
အခြေခံပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပါဝင်နိုင်အောင် ပြုစုကောက်ခံ
တယ်လို့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက
ပြောပါတယ်။ ၂၀၁၅ ခု မေလကုန်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ၁၄ မြို့နယ်နဲ့
နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ စာရင်းတွေ ကို
ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ အများအပြားပါရှိနေပြီး မဲစာရင်းမှာ
နာမည်မပါသူတွေ ကျန်ခဲ့သူတွေ များတယ်လို့ မဲစာရင်းစိစစ်နေတဲ့ အဖွဲ့တွေက
ပြောကြပါတယ်။ အဲဒီ နယ်မြေတွေမှာ နာမည်စာရင်း မပါသူ လေးထောင်ကျော်၊
အချက်အလက်မှားယွင်းသူ နှစ်ထောင်ကျော်နဲ့ သေဆုံးသူတွေ၊ အသက်မပြည့်သူတွေ
ပါဝင်နေတယ်လို့ မဲစာရင်းစိစစ်နေတဲ့ အဖွဲ့တွေက ပြောကြပါတယ်။“
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၁၃၀ ကျော်မှာ
မဲပေးခွင့်ရှိသူစာရင်းတွေကို ဆက်လက်ထုတ်ပြန်တဲ့အခါမှာလဲ အမည်ထပ်နေတာတွေ၊
သေဆုံးသူတွေနဲ့ အသက်မပြည့်သူတွေ ပါဝင်နေတယ်လို့
မဲစာရင်းစိစစ်ရေးအဖွဲ့တွေက ပြောကြပြန်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
ဦးတင်အေးကတော့ အမှားတွေကို အချိန်မီ ပြင်ဆင်ဖို့ ၊ မဲစာရင်းတွေ
မှန်ကန်ရေးကို ပူးပေါင်း ဆောင်ရွက်ကြဖို့ အဖွဲ့အစည်းအားလုံးကို
တိုက်တွန်းခဲ့ပါတယ်။ အဲဒီ မဲစာရင်းမှားယွင်း မှုတွေကြောင့်
ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းပေးမှာမဟုတ်ဘူးလို့လဲ ပြောပါတယ်။
မဲစာရင်းကို မဖြစ်မနေ စစ်ဆေးကြဘို့ အရေးကြီး
မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေအနေနဲ့ မိမိအမည် ပါ- မပါ ဆိုတာကို
သွားရောက်စစ်ဆေးကြဘို့ လိုအပ်ပြီး၊ မဲစာရင်းမှာ နာမည်မပါဝင်သူတွေအနေနဲ့
သက်ဆိုင်ရာ ပုံစံ (၃) ပုံစံ (၄) ဆိုတာတွေကို တောင်းယူဖြည့်စွက်ြ့ပီး
သက်ဆိုင်ရာကိုတင်ပြရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်က
ပြန်လည်ပြင်ဆင်ဖြည့်စွက်ထားတဲ့ အပြီးသတ်မဲပေးခွင့်ရှိသူစာရင်းကို
ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုမှာ ထပ်မံထုတ်ပြန်မှာဖြစ်ပါတယ်။ ယခုတိုင်
ပြင်ဆင်ပြီး မဲစာရင်းတွေမှာ နာမည် လိပ်စာ အမှားအယွင်းတွေ
ရှိနေသေးတဲ့အတွက် ပြန်လည် စစ်ဆေးကြဖို့ အလွန် အရေးကြီးတယ်လို့
နိုင်ငံရေးပါတီတွေကရော လူမှု အဖွဲ့တွေကပါ တိုက်တွန်းနေကြပါတယ်။ အသက် ၁၈
နှစ်ပြည့်ပြီးဖြစ်ပေမယ့် မှတ်ပုံတင်မရှိသေးသူတွေကို
နိုင်ငံသားဖြစ်ကြောင်း ရပ်ကွက်တွင်း နေထိုင်သူတွေ၊ ရပ်ကွက်၊ မြို့နယ်
အုပ်ချုပ်ရေးမှူးနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည့်သူ့အင်အားဦးစီးဌာန
တစ်ခုခုက ထောက်ခံပေးမယ် ဆိုရင် မဲပေးခွင့်ရှိသူစာရင်း မှာ
ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ကလဲ ပြောပါတယ်။ o
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
လောက်ကိုင်မှာလည်း ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်တယ်လို့ ဆိုပေမယ့် ဝ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းက မြို့နယ် ၆ မြို့နယ်မှာ
ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတိ အကျမပြော နိုင်သေးဘူးလို့
ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
Next