
မြန်မာ့ရွေးကောက်ပွဲနဲ့ အဓိကကိစ္စရပ်များ
ဒီမိုကရေစီအသွင်ကူးပြောင်းရေး
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ
နှောင့်နှေးနေပြီး၊ ကုန်လွန်ခဲ့တဲ့ငါးနှစ်တာကာလကို
ပြန်ကြည့်ရင် တချို့ကိစ္စတွေမှာ ပိုပြီးဆိုးရွားလာတာ
တွေ့နိုင်ပါတယ်။ စစ်တပ်ရဲ့နိုင်ငံရေးအာဏာကို
ကန့်သတ်ထိန်းချုပ်ဖို့နဲ့၊ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ခွင့်ရအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က
ကြိုးစားနေပါတယ်။ လာမယ့် ရွေးကောက်ပွဲပြီးရင် ကြုံတွေ့ရဦးမယ့်
အကြီးမားဆုံး အခက်အခဲကလည်း အခြေခံဥပဒေပြင်ဆင်ရေးပဲ
ဖြစ်ပါလိမ့်မယ်။ ဆက်ဖတ်ရန်...
တိုင်းရင်းသားများနဲ့ပဋိပက္ခ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့ချိန်မှာ
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကဦးစားပေး
လုပ်ဆောင်မယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့
အနှစ်ခုနှစ်ဆယ်ကျော် ကြာလာပြီဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့
ပဋိပက္ခဟာ မပြီးဆုံးသေးသလို၊ တချို့ကိစ္စတွေမှာ ပိုပြီး
ဆိုးဝါးလာပါတယ်။ နောက်တက်လာမယ့်အစိုးရအနေနဲ့
လူပေါင်းနှစ်သိန်းလောက် စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ရတဲ့
ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်အကြား
အကြမ်းဖက်ပဋိပက္ခတွေကို ဆက်ပြီး ရင်ဆိုင်ဖြေရှင်းရမှာပါ။
အလားတူပဲ တခြားဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တွေနဲ့ ပဋိပက္ခတွေက အရှိန်မြင့်တက်နေဆဲပါ။
ဆက်ဖတ်ရန်...
စီးပွားရေးနဲ့ဆင်းရဲမွဲတေမှု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိထားတဲ့ ကာလအတွင်း
မြန်မာ့စီးပွားရေး နှစ်စဉ် ၆ ရာခိုင်နှုန်း တိုးတက်နေပေမယ့်
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ သွားလာမှု ကန့်သတ်လိုက်ရတဲ့
အကျိုးဆက်တွေကြောင့် လက်ရှိဘဏ္ဍာရေးနှစ်မှာ
ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) တိုးတက်နှုန်း ကျဆင်းခဲ့ပါတယ်။
ဒါဟာ မကြာ သေးခင်က ရရှိထားတဲ့
ဆင်းရဲမွဲတေမှုပပျောက်ရေးဆောင်ရွက်ချက် တိုးတက်မှုတွေနဲ့
တစ်ဦးချင်းဝင်ငွေ ကျဆင်းလာမှုကိုလည်း ခြိမ်းခြောက်နေပါတယ်။
ဆက်ဖတ်ရန်...
နိုင်ငံတကာဆက်ဆံရေး
မြန်မာနိုင်ငံဟာ သမိုင်းဝင် ဒီမိုကရေစီအသွင်ကူး
ပြောင်းရေးကြောင့် နိုင်ငံတကာနဲ့ဆက်ဆံရေး မြှင့်တင် နိုင်
ခဲ့ပေမယ့်၊ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်က
ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က ဖြိုခွဲ မောင်းထုတ်လိုက်ပြီး
နောက်မှာတော့ နိုင်ငံတကာဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းသွားခဲ့ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုတာကို
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။
အမေရိကန်ပြည် ထောင်စုနဲ့ အနောက်နိုင်ငံတချို့က စစ်တပ်
ထိပ်ပိုင်း ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတကာမှာ ဂုဏ်သိက္ခာ
ထိခိုက်ကျ ဆင်းခဲ့ရပါတယ်။
ဆက်ဖတ်ရန်...
အကျင့်ပျက်ခြစားမှု
NLD အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ
စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် မြင့်တက်နေတာတွေ၊
အခွင့်အလမ်း မညီမမျှ ဖြစ်နေတာတွေကို ပြုပြင်ပြောင်းလဲမှုတချို့
လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍမှာရော၊ အစိုးရ
ဌာနဆိုင်ရာပိုင်းမှာပါ အကျင့်ပျက်ခြစားမှုတွေ ကျန်နေဆဲပဲ
ဖြစ်ပါတယ်။ နောင်တက်လာမယ့် အစိုးရအနေနဲ့ ဒီပြဿနာကိုလည်း
သေချာပေါက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဆက်ဖတ်ရန်...
ရွှေ့ပြောင်းအလုပ်သမားနဲ့ ဒုက္ခသည်များ
NLD အစိုးရလက်ထက်မှာ ပြည်တွင်းပဋိပက္ခတွေကြောင့်
အိုးအိမ်စွန့်ထွက်ပြေးရတဲ့ တိုင်းရင်းသားလူဦး ရေ ပမာဏ
ပိုများလာခဲ့ပါတယ်။ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်
ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ အပြင်၊
ရခိုင်တိုင်းရင်းသား အများဆုံးပါတဲ့ လူပေါင်းနှစ်သိန်းလောက်
ပဋိပက္ခအတွင်း အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။
ဆက်ဖတ်ရန်...
