မြန်မာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းတွေကို အဆပေါင်းများစွာ မြှင့်တင်လိုက်တဲ့အပေါ် ဒေါသတွေ ပေါက်ကွဲပြီး ရဟန်းရှင်လူအမြောက်အများပါဝင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ အမျက်ဒေါသဟာ နိုင်ငံကို နှစ်ပေါင်း ၅ဝ လောက် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရအပေါ် ရုတ်ချည်းကျရောက်သွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်သင်္ကန်းဝတ် ရဟန်းသံဃာတော်တွေကို အစွဲပြုပြီး အဲဒီဆန္ဒပြလှုပ်ရှားမှုဟာ“ရွှေဝါရောင်တော်လှန်ရေး” လို့ အမည်တွင်သွားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေဟာ မြန်မာနိုင်ငံတဝှမ်း ပျံ့နှံ့သွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးတွေ ပေါ်မှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။ စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် ၁၃ ဦးထက်မနည်းသေဆုံးပြီး၊ ဒဏ်ရာရသူ ဖမ်းဆီးခံရသူတွေနဲ့ ရာနဲ့ချီရှိခဲ့ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ချီတက်ရာမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်အရောက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအရပ်သားအစိုးရ တက်လာခဲ့ပါတယ်။


















