အခက်အခဲကြားက ကြံ့ကြံ့ခံနေသူများ

မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်နီဒေသမှာ ပြည်တွင်းစစ်လေးနှစ်ကာလကို ရင်ဆိုင်ဖြတ်သန်းနေကြသူတွေနဲ့ RFA က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။



alt-text.jpg
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါငေးခူးဘုရားကျောင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ကရင်နီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ရေး ကြိုးပမ်းမှုအကြောင်း အပိုင်းသုံးပိုင်းပါ RFA ဓာတ်ပုံဆောင်းပါး ဖြစ်ပါသည်။ ပထမပိုင်း၊ ဒုတိယပိုင်း နှင့် တတိယပိုင်း ဖတ်ရှုရန်။

ဒီးမော့ဆို၊ ကယားပြည်နယ်

ကကယားပြည်နယ်ရဲ့ ဗဟိုအချက်အချာ မြို့တစ်မြို့ဖြစ်တဲ့ ဒီးမော့ဆိုကို သွားရောက်ဖို့က မလွယ်လှပါဘူး။ တောတောင်တွေထဲကနေ သစ်တွေသယ်ဖို့ ဖောက်ထားတဲ့ မြေလမ်းဟာ မြောင်းပေါက်နေတဲ့ ကားဘီးရာ ချိုင့်ခွက်ကြီးတွေနဲ့ ကြမ်းတမ်းပြီး တောင်ထူထပ်တဲ့ဒေသလည်းဖြစ်လို့ ခရီးတိုလေးသွားဖို့တောင် နာရီအတော်ကြာပါတယ်။

RFA အဖွဲ့သားတွေ မြန်မာနိုင်ငံက ပြည်တွင်းစစ်အကြောင်း သတင်းရယူဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကြမ်းတမ်းတဲ့ခရီးကို ဖြတ်သန်းပြီး ရောက်ခဲ့ပါတယ်။ ရက်သတ္တပတ်သုံးပတ်ကြာ သတင်းရယူချိန်အတောအတွင်း ကြားသိခဲ့ရသမျှတွေထဲမှာ ဗစ်တိုရီယိုရဲ့အကြောင်းက မေ့ပစ်ဖို့အခက်ခဲဆုံးတွေထဲက တစ်ခုပါပဲ။ KNDF တော်လှန်ရေးတပ်ဖွဲ့ဝင် ဗစ်တိုရီယိုဟာ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ တခြားရဲဘော်တွေက သူ့ကိုဆေးရုံပို့ဖို့အတွက် လမ်းခရီးမှာ စစ်ကောင်စီတပ်တွေကို ရှောင်တိမ်းရင်း တစ်လလောက် ကြာခဲ့ပါတယ်။

ခြေနှစ်ဖက်စလုံးကို ဖြတ်လိုက်ရပြီး ငါးရက်မြောက်နေ့မှာတော့ ဗစ်တိုရီယို သက်သာလာပြီး မေးသမျှမေးခွန်းတွေကို စကားပြန်ကတစ်ဆင့် စိတ်ရှည်လက်ရှည် အပြုံးနဲ့ ဖြေပေးခဲ့ပါတယ်။ သူ့ရဲ့ခံနိုင်ရည်စွမ်းအားနဲ့အတူ လွတ်လပ်လာမယ့် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ အခက်ခဲဆုံးအခြေအနေတွေကို ရင်ဆိုင်ဖြတ်ကျော်နေကြသူအားလုံးရဲ့ ခံနိုင်ရည်စွမ်းအားကိုလည်း အထင်းသား မြင်တွေ့ခဲ့ကြရပါတယ်။



စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခရီးလမ်းကြမ်း

တောတောင်တွေထဲကနေ သစ်တွေသယ်ဖို့ ဖောက်ထားတဲ့ မြေလမ်းဟာ မြောင်းပေါက်နေတဲ့ ကားဘီးရာ ချိုင့်ခွက်ကြီးတွေနဲ့ ကြမ်းတမ်းပြီး တောင်ထူထပ်တဲ့ဒေသလည်းဖြစ်လို့ ခရီးတိုလေးသွားဖို့တောင် နာရီအတော်ကြာပါတယ်။





စစ်ရဲ့ ရုပ်ပုံလွှာများ

ကရင်နီဒေသမှာ နေထိုင်သူအားလုံးလိုလို ပြည်တွင်းစစ်နဲ့ ထိတွေ့ရင်ဆိုင်နေရပါတယ်။

1 / 12
2 / 12
3 / 12
4 / 12
5 / 12
6 / 12
7 / 12
8 / 12
9 / 12
10 / 12
11 / 12
12 / 12
Caption Text


ဗစ်တိုရီယို (သို့) ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးလိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်

ကရင်နီဒေသက ပြည်သူတွေအတွက် စစ်ရဲ့ အဆိုးရွားဆုံးသက်ရောက်မှုကတော့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ လေကြောင်းရန်ပဲ ဖြစ်ပါတယ်။