အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလွှာပေါင်းစုံ ပါဝင်ဖို့လို
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ အဂတိ လိုက်စားမှု ကြီးမားလှတယ်လို့ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို အလွှာပေါင်းစုံမှာ
ဆင်းရဲ ချမ်းသာမရွေး ထိထိရောက်ရောက် ချမှတ် အကောင်အထည် ဖော်ဖို့ လိုအပ်နေတဲ့ အကြောင်းကို ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြတဲ့ ဧည့်သည်တွေကတော့ အာရှ လူအခွင့်အရေး ကော်မရှင် မြန်မာဌာန တာဝန်ခံ ဦးမင်းလွင်ဦးနဲ့ မြန်မာ့အရေး လေ့လာသူ ရှေ့နေ ဦးအောင်ထူးတို့ ဖြစ်ကြပါတယ်။