စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး မရှိသေး
အခု တစ်ပတ် အာအက်ဖ်အေ ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက မြန်မာအစိုးရနဲ့ သွားရောက်ဆွေးနွေးပြီး အပစ်ရပ်စဲရေး သဘောတူညီချက်တွေ ချုပ်ဆိုခဲ့ကြပေမယ့် စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး မရှိသေးဘူးလို့ ဝေဖန်သံ မျိုးစုံ ထွက်ပေါ်နေတဲ့ အကြောင်းတွေကို
အခြေခံပြီး တိုင်းရင်းသားအဖွဲ့တွေက ခေါင်းဆောင်တချို့နဲ့ ဆွေးနွေးထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့
(UNFC) ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးခွန်ဥက္ကာ (Pa-o NLA)၊
(NMSP) မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာနဲ့ (KIA) ကချင်လွတ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းတို့ ဖြစ်ကြပါတယ်။