မီဒီယာ လွတ်လပ်ခွင့်
အခု တစ်ပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းမှာ The Voice နဲ့ Envoy ဂျာနယ်တွေ အပိတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ သတင်း မီဒီယာ လောကအပေါ် အစိုးရရဲ့ ဖိနှိပ်မှုတွေကို
ရပ်စဲဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို မြန်မာ သတင်းသမားတွေက ရန်ကုန်မြို့မှာ စနေနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ ဆက်စပ်ပြီး မီဒီယာ လွတ်လပ်ခွင့် အကြောင်းကို အခြေပြု ဆွေးနွေးထားပါတယ်။ ဒီအစီအစဉ်မှာ ပြည်ပအခြေစိုက် BMA မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ သတင်းစာဆရာ၊ စာရေးဆရာ ဦးဇင်လင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိဟောင်း ဦးသောင်းဝင်းဗိုလ်တို့ ပါဝင် ဆွေးနွေးထားကြပါတယ်။