လက်ရှိ မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ

အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာအာဏာပိုင်တွေက စာပေစိစစ်ရေးလုပ်ငန်း မထားတော့ဘူးဆိုပေမယ့် ကန့်သတ် ချွင်းချက်မှုတွေ ရှိနေသေးတာကြောင့် စာနယ်ဇင်းသမားတွေ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်ရရှိဖို့ လှုပ်ရှားနေကြတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။

ဒီအစီအစဉ်မှာ မြန်မာနိုင်ငံက The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ Venus သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသာလွန်ဇောင်းထက်တို့ ပါဝင် ဆွေးနွေးထားကြပါတယ်။

0:00 / 0:00