မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်တွေဖြစ်ကြတဲ့ မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာချုပ် စာရေးဆရာ သီဟစောနဲ့ ရန်ကုန်မီဒီယာအဖွဲ့(Yangon Media Group) ဥက္ကဌ စာရေးဆရာ ကိုကို(စက်မှု) တို့ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ မီဒီယာဥပဒေ ရေးဆွဲပြဌာန်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့တော်ကို အခုရောက်ရှိနေကြပါတယ်။
အဲဒီအယ်ဒီတာ ၂ ဦး၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက် ကြာသပတေးနေ့က RFA ကို လာရောက်လည်ပတ်ခဲ့စဉ်၊ စတူဒီယို အမှတ် ၁၁ မှာ မေးမြန်းပြောကြားခဲ့တာတွေကို ဒီအပတ် RFA တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ပါ။ ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။