ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလဲဖို့ တောင်းဆိုမှုအပေါ် ဝေဖန်သံ
အခု တစ်ပတ် အာအက်ဖ်အေ ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်လောင်းတွေ လွှတ်တော်ဝင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုရေးအတွက်
စာသားတချို့ ပြောင်းလဲပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စအပေါ် ဝေဖန်သံမျိုးစုံ ထွက်ပေါ်နေတဲ့ အကြောင်းတွေကို အခြေခံပြီး တင်ပြ ဆွေးနွေးထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ ထိုင်းနိုင်ငံအခြေစိုက် မြန့်မာ့အရေး လေ့လာသူတွေဖြစ်တဲ့ စာရေးဆရာ ဦးဇင်လင်း၊ ဦးအောင်သူငြိမ်း (Burma Analyst, Thailand) နဲ့
(AHRC) အာရှလူ့အခွင့်အရေး ကော်မရှင် မြန်မာ့အရေး တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးတို့ ဖြစ်ကြပါတယ်။