ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာကြဖို့ သမ္မတ ဖိတ်ခေါ်မှုအပေါ် ရှုမြင်ချက်

အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို တိုင်းပြည်အကျိုးအတွက် မြန်မာပြည်ပြန်လာကြဖို့ ထပ်မံဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ရှုမြင်ချက်တွေကို တင်ဆက်မှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ ပြည်သူခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာ မောင်ဝံသနဲ့ နော်ဝေနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်တို့ ဖြစ်ကြပါတယ်။

0:00 / 0:00