စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ပြီလား
အခုတစ်ပတ် အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာနေပြီ ဖြစ်လို့
စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသင့်ပြီလို့ တချို့က ပြောဆိုနေကြတာကို အခြေပြုပြီး ပြည်ပရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့အတူ ဆွေးနွေးတင်ပြထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ စီမံ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနမှ လက်ထောက် ညွန်ကြားရေးမှူးဟောင်း စီးပွားရေးပညာရှင် ဦးစိန်ဋ္ဌေး၊ မြန်မာ အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်သန်းနဲ့
ကနေဒါနိုင်ငံ မြန်မာမိတ်ဆွေများအဖွဲ့က ညွန်ကြားရေးမှူး ဦးတင်မောင်ထူးတို့ ဖြစ်ပါတယ်။