မြန်မာလူငယ်တွေနဲ့ ပြည်ပပညာသင်ဆု

အခုတစ်ပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပညာသင်ဆုအကြောင်း တင်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ဆု နဲ့ လေ့လာသင်ယူနေ ကြတဲ့ မြန်မာ စာသင်သားတွေက သူတို့ရဲ့ အတွေ့အကြုံတွေ ဆွေးနွေးဝေငှတင်ပြကြတာကို ကြားရမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြတဲ့သူတွေကတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် University of Washington မှာ ပညာသင်ယူနေတဲ့ မမီမီသင်းအောင်၊ ဗားဂျီးနီးယားပြည်နယ် Old Dominion University မှာ ပညာသင်ယူနေတဲ့ ကိုနိုင်ထွန်းလင်း၊ ကင်တပ်ကီပြည်နယ် Kentucky University မှာပညာသင်ယူနေတဲ့ ကိုအောင်ကျော်ဖြိုးတို့ ပါဝင်ဆွေးနွေးထားပါတယ်။

0:00 / 0:00