မြန်မာနိုင်ငံအပြောင်းအလဲနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေနေ့ စကားဝိုင်းမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာနေပြီ ဆိုပြီး ပြည်ပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြူလုပ်ဖို့ ဟန်ပြင်နေကြတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ နော်ဝေနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ အာရှလူ့အခွင့်အရေး ကော်မရှင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးနဲ့ နယူးဇီလန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ဖေခင်တို့ ဖြစ်ပါတယ်။